Lacuno ။
အဖမ်းခံထားရတဲ့ ခန့်သူရိန်၊ လင်းစေမိုး၊ ဝေလနှင့်။ ရွာသားတစ်ယောက်။ ကျန်သူတွေကို ဂရေ့စ် သတ်ပစ်လိုက်ပြီ။
သူစိုက်ကြည့်နေသည်။ ဂရေ့စ်လဲရှိနေသည်။
"လွတ်ပေးမှာလား၊ သတ်မှာလား ဆုံးဖြတ်၊ "
"သိချင်တာလေးရှိသေးလို့၊ "
ပြီးရင် ပဲ သတ်မယ့်ပုံစံ။
"တခြားထက်...သူတို့ရောက်လာတဲ့ အကြောင်းအရင်းအမှန်က ညီမ အတွက့်ကြောင့် ရောက်လာတာ မဟူတ်မှာကိုပဲ၊ သူတို့ကလဲ့စားချေချင်ရင် ထင်ထင်ပေါ်ပေ့်လုပ်မှာပေါ့၊
အားလုံးက လိုချင်တပ်မက်စိတ်ကြောင့် ဆိုတာ ထင်ရှားနေတယ်၊ ဒါထက် ..."
သူခန့်သူရိန်ကို နားမလည်ပါ။
"မင်းကကော၊ သူတို့နဲ့ အတူတူပဲလား"
ခန့်သူရိန်က
"မတူဘူး၊ ငါ့ရည်ရွယ်ချက်က မင်းကိုသတ်ချင်တာ၊ ဒါဆို ဣန္ဒရီ့ကို ပြန်ရမယ်"
"ဟုတ်လား၊ ဘာလို့ အဲ့လိုထင်တာလဲ"
"မင်းမရှိမှ...အားလုံးအတွက် အဆင်ပြေမှာလေ"
သူခေါင်းခါရင်း
"ဒါက အဖြေ မဟုတ်ဘူး၊"
ထိုစဉ်
"အဖြေက သူကျွန်မကို မယုံကြည်တာကြောင့်ပဲ"
အကောင်းပကတိ နှင့် သူတို့ဆီကို ဆငိးလာတဲ့ ၊ဣန္ဒရီ။
ဂရေ့စ်က
"ကောင်းလာတာ မြန်သားပဲ"
သူမက
"ကျွန်မ ပြန်ရောက်လာပေမယ့် ဒီမှာနေခဲ့တဲ့ ရက်တွေ အတွက် သူမယုံတာ၊ အကို မရှိတော့ရင်၊ အဖြစ်မှန် ဘယ်သူမှ မသိတော့ဘူးလို့။ယူဆပြီးသတ်ချင်တာ၊ဟုတ်တယ် မှတ်လား"
ခန့်သူရိန်က
"ဒါဆိုမင်းဘာလို့ သေချာမရှင်းပြလဲ"
"နင်ကကော ယုံမှာလား၊ ဒီက အဖြစ်အပျက်တွေက ကောင်းတာ တစ်ခုမှ မရှိပေမယ့်၊ နင်ထင်သလောက်လဲ မဆုတ်ပျက်သေးဘူး"
"အကို ကျွန်မကို မငဲ့ပါနဲ့၊ သူတို့ကို လုပ်ချင်သလိုတာ လုပ်လိုက်"

YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Horrorသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......