အပိုင်း ၆ (၂၀၀၀ခုနှစ်အဆုံးသတ်မတိုင်ခင်-၄)

7 1 0
                                    

ဒုတိယ အကြိမ် သူမကို ထပ်တွေ့ရသည်။ သူ့အခန်းပြတင်းလှပ်ထားချိန် မေမေနဲ့ သူတို့တွေ အလုပ်လုပ်နေချိန်။ အိမ်ဘက်ကို ရောက်လာချိန် သူကြည့်နေသည်ကို သိပုံပင် မရပါ။ ထူးထူးခြားခြား ဖြစ်စဉိ မဟုတ်ပေမယ့် အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ကို ဒုတိယလူအနေနဲ့တော့ ရင်ခုန်မိတာလေးတစ်ခုတည်းပင်။

အဲ့ထက် မပိုပါ။ သူ့မှာလဲ ချစ်သူရှိနေပြီ. ချစ်သူမရှိဘူးပဲထား၊ သူ့ဘက်က လက်လှမ်းပိုင်ခွင့်မရှိပါဘူး၊ ဖြစ်နိုင်ရင် စကားပြောတာဖြစ်ဖြစ်၊ ရင်းနှီးလို့ နူတ်ဆက်တာဖြစ်ဖြစ်၊ ခင်မင်ရုံလေး အခြေအနေထိတော့ မျှော်လင့်မိသေးသည်။

ဒါတွေက ခဏပါ။ သူတို့လဲ အချိန်ပြည့် ဒီကိုလာနေမှာမဟုတ်ဘူး၊ သူတို့ပြောတဲ့ တစ်ပါတ်။ မကြာခင်ပဲပြည့်တော့ မှာလေ။

လေပြေလေးဖြတ်တိုက် သွားသလိုပေါ့။ ပူပြင်းလှတဲ့ သဲကန္တာရထဲ လေပြေအေးအေးလေးဖြတ်တိုက်သွားရုံပါ။ နောင် တစ်ချိန်ပြန်ဆုံတွေ့ဖို့ မဖြစ်နိုင်။

"အကိုလေး---တကယ် သူ့အကြောင်းအသေးစိတ်မသိချင်ဘူးလား၊ ဒီလိုပဲ ကြည့်နေတော့မှာလား၊ "

သန့်စင် ရောက်လာသည်ကိုပင် မသိလိုက်။

"ဒီအတိုင်းကြည့်မနေလို့ ဘာလုပ်လို့ရလို့လဲ၊ ကြည့်တာတော့ လူတိုင်းမှာ ကြည့်ပိုင်ခွင့်ရှိတယ်"

သန့်စင် က

"သူ့မှာ ချစ်သူရှိတယ်ဆိုတာ---၊ စေ့စပ်ထားသေးတာမဟုတ်ဘူး၊ အခုတွဲနေတဲ့ ခန့်သူရိန်က အကိုလေးကို နည်းနည်း လေးမှ တောင်ယှဉ်လို့မရတာ မသိဘူးလား"

"သိတယ်---ငါကဒုက္ခိတ လေ၊မဟုတ်ဘူးလား"

"အာ----၊ အဲ့တာပြောတာမဟုတ်ဘူး၊ အကိုလေး လမ်းလျောက်နိုင်တော့မှာဆို---၊ ဒိတော့ ဘာလိုသေးလို့လဲ"

"တော်တော့---မဖြစ်နိုင်တာ မပြောစမ်းနဲ့၊ မင်းပြောပုံက ငါက ခါးမသန်လို့ မာန်လျော့နေတဲ့ ပုံစံကြီး၊ ကဲ ရှင်းရှင်းပြော လိုက်မယ်၊ ဣန္ဒရီခက် ဆိုတဲ့ သူက ချောတယ်၊ လှတယ်၊ ယဉ်တယ်၊ ---ဒါနဲ့ပဲ ငါက ကြိုက်ရတော့မှာလား၊ ဟမ်၊ ချောလို့ ကြည့်ရုံနဲ့ မရဘဲ။ ကြိုက်တဲ့ အဆင့်ထိ----သွားရတော့မှာလား"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now