အပိုင်း ၁၂ (လက်ထပ်ခဲ့တယ်---ဒါပေမယ့်မပိုင်ဆိုင်ရဘူး)

8 1 0
                                    

"ဣန္ဒရီ---ဘယ်သွားမလို့လဲ"

သက်ထား သူမ လက်ကိုဆွဲထားတာပင်။သူမက ပြုံးလိုက်သည်။နောက်

"သူငါ့ကို ဘယ်လောက်အံ့အောစေမှာလဲ သိချင်တယ်---ဟိုမျာကြည့်"

သက်ထား လဲ သတိထားမိနေတာပင်။ လမ်းအတိုင်းထွန်းထားတဲ့ မီးများက အလွန်လှပသည်။

"ကြည့်ရတာ ငါတစ်ယောက်တည်း သွားရတော့မယ်ထင်တယ်"

သက်ထားက မဲ့လိုက်သည်၊

"ဘယ်သူပြောလဲ၊ ငါလဲ လိုက်မှာပေါ့"

"ဒါဆို---လာ အချိန်သိပ်မရှိတော့ဘူး၊ ညမထွက်ရမယ့်အချိန် ကို ရောက်တော့မယ်"

သက်ထားခေါင်းညိတ်လိုက်သည်။ ဣန္ဒရီသူမလက်ကို ဆွဲ ပြီး ဉီးဆောင်ခေါ်တယ်ဆိုတာမရှိသလောက်ရှားတာပင်? အခုတော့,

ထိုလမ်းလေးအတိုင်းအပြေးလျှောက်လာသည်။ အနောက်ဘက်က မီးများတစ်လုံးပြီးတစ်လုံး အလင်းရောင်ပျောက်သွားသည်ကိုတော့ နှစ်ယောက်လုံးသတိမထားမိမေပ။

လမ်းအဆုံးတွင်တော့ ရဲတိုက်တစ်လုံးစီးကြိုနေသည်။ သက်ထား ရိပ်မိပြီ

"ဣန္ဒရီ----ပြန်---ပြန်မယ်"

ဆိုပြီးနောက်လျည့်ကြည့်တော့ စောစောက လမ်းကော မီးကော---မရှိတော့။ သူပြောတာကို ဂရုပင်မစိုက်။ ရဲတိုက်ဝင်းထဲက နှင်းဆီခင်းဆီ အကြည့်ရောက်နေသည်။

မီးလင်းထိန်နေသော ရဲတိုက်ရှေ့သူတို့ရပ်မိနေသည်။ထိုအခါ

"ငါသတိရပြီ,သူ ဒီမှာနေတာ ထင်တယ်၊ သူ့ခြံဝန်းထဲမှာ နှင်းဆီခင်းရှိတယ်---ပြေတယ်"

"သူရိန်က ဘယ်လိုလုပ်---ဒီမှာ နေမှာလဲ"

ဆိုတော့ သူမက လှည့်ပြီးပြုံးပြသည်။

"သူ မဟုတ်ဘူး"

တဲ့၊ ဒါဆို ဘယ်သူလဲ။သက်ထား ဉီးနှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်နေစဉ်---။သူမခြေလှမ်းတွေက ရဲတိုက်ခြံဝန်းရှေ့ရောက်နေပြီ. သံပန်းတံခါးတွန်းဖွင့်ပြီး ဝင်သွားတော့

"ဣန္ဒရီပြန်ရအောင်လို့---"သူပြန်ဆွဲတော့

"ပြန်မှာပါ၊ ခဏနေအုံး, ငါ သူ့ကိုနူတ်ဆက်ချင်သေးတယ်"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now