အပိုင်း ၂၇ (ဘယ်လမ်းမဆို လွယ်ကူမနေဘူး)

6 0 0
                                    

ရဲကားများရောက်လာကြပြီ။ လာတိုက်သော ကားပေါ်ကလူကတော့ ပွဲခြင်းပြဆုံးသွားခဲ့သည်။

စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတဲ့ ပန်းကို ဆေးရုံကား နှင့် ဆေးရုံးကိုပို့ပေးသည်။ အခင်းနေရာမှာ အနည်းငယ်စစ်ဆေးနေသည်။

နောက်တော့ သူဆေးရုံကို လိုက်ခွင့်ရသည်။ ဆေးရုံရောက်တော့ သူမရဲ့ မိဘတွေရောက်နေပီ့။

အန်တီသက်ထားလဲရှိနေသည်ပေါ့။ သက်ထားက သူ့ကိုလဲ မြင်ရော ။ အပြင်ထွက်လာသည်။

"ဘယ်လိုဖြစ်တာလဲ၊ကြောက်စရာကောင်းလောက်အောင်..."

သူပြန်မဖြေ။ ထိုအဖြေအစား

"ပန်း တစ်ယောက်ထဲ လွတ်ထားလို့မရတော့ဘူးထင်တယ်၊ ကျွန်တော် ဘယ်လိုလုပ်မလဲ"

သက်ထားက

"ဘာတွေဖြစ်လို့လဲ"

"မသေချာပေမယ့်၊ ဂရေ့စ်ပဲ ထင်တယ်...၊"

သက်ထားက

"သူ အဲ့လို လုပ်နိုင်လို့လား၊ အဲ့လောက်ထိ လုပ်နိုင်ပြီလား"

"မသိဘူး၊...သူဘာဖြစ်ချင်နေလဲ သိဖို့လိုတယ်"

"သက်ထား..."

သူမ အခန်းထဲက အမျိုးသမီးတစ်ယောက်ထွက်လာသည်။ သူ့ကြိ မြင်တော့ ဘာ်သူလဲ ဆိုတဲ့ အကြည့်ကြောင့် သက်ထားက

"ပန်းကို ကယ်လိုက်တဲ့၊ ပန်းရဲ့ သူငယ်ချင်း"

"အော၊ ဟုတ်လား၊ ပန်းကို လာကြည့်တာ ထင်တယ်၊ အထဲဝင်သွားလိုက်၊ သူ နိုးနေပီ့"

"အော၊ ဟုတ်ကဲ့"

လင်းသာခန့် သက်ထား‌ကို ခေါင်းတချက်ညိတ်ပြပြီး တံခါးတွန်းဖွင့်ပြီး ဝင်သွားချိန်

"ဘယ်သူ့ကလေးလဲ...သက်ထားနဲ့ ရင်းနှီးသလိုပဲ"

"သူရိန်တို့ရဲ့ ကလေး၊ ပန်း ရဲ့ အတန်းထဲက "

"ဟုတ်လား၊ ဒါကြောင့်မို့ ရင်းနှီးနေပါတယ်လို့၊ ဟိုတလောက ဆေးရုံတင်ရတဲ့ သူဖြစ်မယ်၊ "

"ဟုတ်တယ်"

"အင်း..သက်ထားကို ပြောရအုံးမယ်၊ ပန်းကို လေ၊ အရင်က အကြောင်းတွေ ပြောမိသေးလား"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now