အပိုင်း ၂၆ (ပဟေဠိ)

4 0 0
                                    

"အန်တီ သက်ထား၊ လင်းသော်ခန့် ကို ဆရာ ဝန်က ဘာပြောလဲ ဟင်၊ ခေါင်းထိထားတာဆိုတော့၊ နည်းနည်းတော့ ချို့ယွင်းချက်ရှိ မယ် ထင်တယ်"

သက်ထား ပန်းခ‌ျီဆွဲရင်း

"ဘာဖြစိလို့လဲ ပန်းရဲ့"

"သူနဲ့ပန်းနဲ့က မတည့်တာ တစ်နှစ်ကျော်ပြီလေ။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတာကအစ အပေါက်အလမ်းမတည့်တာ။ အခုမှ  ချက်ချင်းကြီး ...ဘာပြောရမလဲ၊ ရင်းနှီးမူ့ကို အတငး်လိုချင်နေသလိုကြီး၊ အခု ကျောင်းမှာ ဘာသတင်းပြန့်နေတယ် ထင်လဲ

သူနဲ့ ပန်းက တွဲနေတာတဲ့လေ၊ အဲ့သတင်းထွက်အောင် တမင်လုပ်တာ၊ ပန်းသိတယ်၊ ပန်းက ငြင်းတယ်၊ ဒါပေမယ့် ..."

သက်ထားက ပြုံးသည်။ မကျေမနပ်ဖြစ်နေသော ပန်းကို ကြည့်ရင်း

"တကယ် မဟုတ်ဘူး မှတ်လား"

"မဟုတ်ပါဘူး၊ ဟုတ်စရာလား..."

"တီ..."

ကားဟွန်းတီးသံ။  ပန်း ထိုင်ရာမှ ထပြီး ပြတင်းပေါက်ကနေ အောက်ထပ်ဆင်ဝင်ကို ကြည့်လိုက်တော့

"ဟမ်...သူက ဘာလာလုပ်တာလဲ"

"ဘယ်သူလဲ ပန်း"

"လင်းသော်ခန့်၊ အန်တီ ခေါ်ထားတာလား"

သက်ထား သူမဆီ လျှောက်လာသည်။ ပန်းချီကိစ္စထင်တယ်...။

"ပန်း...အပေါ်ထပ် ခေါ်ခဲ့"

ပန်း မျက်နှာက မရွင်မလန်း။ အောက်ထပ်ဆင်းသွားချိန် သက်ထား စဉ်းစားသည်။ ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ။

အပေါ်ထပ် တက်လာသော ခြေသံကြောင့် သူမ နေရာ မှာ ပြန်ထိုင်လိုက်သည်။ အပေါ်ထပ်ကို ရောက်ချင်းပဲ။

"အန်တီ ပန်း ပြန်တော့မယ်၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်"

"အင်းအင်း ပန်း၊ ဂရုစိုက်ပြီးမောင်းနော်"

"ဟုတ်"

အောက်ထပ်ပြန်ဆင်းသွားတော့

"လာ ထိုင်၊"

လင်းသော်ခန့်ဝင်ထိုင်သည်။ ကားထွက်သွား တော့

"ကဲ ဘာကိစ္စလဲ၊ သူရိန်လွတ်လိုက်တာလား"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now