အပိုင်း ၁၁ (မြင်မြင်ချင်း ကြွေမိတာတော့---အလွန်မဟုတ်ဘူးထင်တယ်)

8 1 0
                                    

ဣန္ဒရီ---။ မြင်လိုက်ရတဲ့ မြင်ကွင်းကို အလွတ်မခံ ငေးကြည့်နေမိသည်။ မြင်ဖူးသလိုလိုရှိပေမယ့် ဒီလို သူမ နှလုံးသား ကို လှုပ်ရှားအောင်လုပ်နိုင်တဲ့ သူမရှိသေးပါ။ အခုတော့။ ချက်ချင်းသတိ ပြန်ဝင်တာက လူကော ဟုတ်ရဲ့လားဆိုတာ။

လူမဟုတ်ရင် သူမတို့ကိုခြားထားတဲ့ နေရောင် ပြောက်ကြားကျရောက်နေသော နေရာလေးက အဖြေပေးမှာဖြစ်သလို။ သူမ သေချာစိုက်ကြည့်နေတာမို့ လူမဟုတ်တဲ့ အသွင်လဲ တစက်ကလေးမှ မရှိပါ။

သူမ မျှောလင့်ထားသလို နေရောင်ကိုဖြတ်ပြီး သူမနားရောက်လာသည်က တစ်ကြောင်း ။သူမလက်ကို ဆုတ်ကိုင်လိုက်တဲ့အတွက် သူ့အသားအရေရဲ့ နွေးထွေးမူ့ကြောင့်တစ်ကြောင်း၊ သူမ လက်ကို ဖမ်းကိုင်လိုက်သည့် အချိန် သူမ နှလုံးသားလေးတဒိတ်ဒိတ်နှင့် ။

သူမလက်ထဲကို အဆောင်ပစ္စည်းလေးပြန်ထည့်ပေးသည်။

"ကျေးဇူးပါပဲ၊ ဒါနဲ့---ဒီကို ဘယ်လိုရောက်လာတာလဲ"

"ကိုယ်က ဟိုဘက်နားက ရေခြံက---"

"ဟုတ်လား---ရွာထဲကပဲပေါ့"

"အင်း---မနေ့မနက်က ရောက်တာဆို---ကိုယ်သတင်းကြားတယ်"

သူမ ရဘ်ရင်းခေါင်းညိတ်လိုက်သည်။

"ဒီပန်းတွေကကော----ရှင်---လုပ်ထားတာလား"

"အင်း--ဟုတ်တယ်---၊ကိုယ်က နှင်းဆီကို အရမ်းကြိုက်တယ်၊ ကိုယ့်ခြံထဲမှာဆို---နှင်းဆီခင်းရှိတယ်၊ အချိန်ရရင် လာလည်ပါလား"

သူမ လက်ခံသည်။

"အင်း---လာခဲ့မယ်လေ၊"

"ရွာမှာ---ဘယ်လောက်မှ မနေဘူးဆိုပေမယ့်---နာမည် သိခွင့်ရမလား"

"အင်း---ဣန္ဒရီခက်ပါ---ရှင်ကော---"

ဆိုတော့---

"နောက်တစ်ကြိမ်တွေ့ရင်---ပြောပြမယ်"

ဣန္ဒရီက ရဘ်လိုက်သည်။

"ရှင်က လူလည်ပဲ---"

"ထားပါတော့---အတည်ပြောတာပါ၊ နောက်တကြိမ်ထပ်တွေ့အုံးမယ်လို့---ကိုယ်ယုံတယ်၊ အဲ့အချိန်--ကျရင် ကိုယ်ပြောပြမယ်"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now