Lacuno။
မနက်၉:၀၀ကတည်းက ဆေးသွင်းထားပြီးအိပ်ပျော်နေပေမယ့် ။သူ့အသိစိတ်ကဘအဝေးကို လွင့်ထွက်နေသည်။
အိပ်မက်မက်နေသည်ပေါ့ သူလမ်း လျှောက် နိုင် နေသည်။ သူ စိတ်ဝင်စားတဲ့ အရာက အပျော်တမ်းဓါတ်ပုံဆရာဘဝ။ မိဘတွေ ခွင့်မပြုတာကြောင့် လက်လျော့ထားပေမယ့် အခုတော့ သူဓါတ်ပုံ ရိုက်ဖို့အတွက် ဒီတောထဲ ရောက်နေတာဖြစ်သည်။
အတူတူလာတဲ့ သူတွေနဲ့ ဘယ်မှာ ကွဲခဲ့လဲ မသိတော့။ ခရီးဆောင်ေကျာပိုးအိတ်တစ်လုံးကို ပိုးထားပြီး
တဖြေးဖြေးနဲ့ သူလမ်းပျောက်နေတယ်လို့ ခံစားရသည်။ ဘယ်ဘက်ကြည့်ကြည့်၊ လမ်းကို ရှာမတွေ့တော့ နာရီငုံ့ကြည့်တော့ ညမေ ၄-၀၀။
တောထဲမှာ အမှောင်ရိပ်လွမ်းနေပြီ။ နွယ်ကြိုး တွေမှ ပေါမှပေါ။
လက်နှိပ်ဓါတ်မှီး ထုတ်ယူပီး လမ်းရှာသည်။ မြူတွေလဲ တဖြေးဖြေး အုံ့ဆိုင်းနေတော့ အမြန်ဆုံးတည်းခိုနေရာကို ရမှ ဖြစ်တော့မည်။
မြေပုံထုတ်လိုက်သည်။ သံလိုက်အိမ်မြှောင်ရယ်။ အခုရပ်နေရာကနေ အနီးဆုံးတည်းခို နေရာဆိုတာ ရှိမည်မဟုတ်။ လက်ရှိ ဘယ်နေရာ ရောက်နေလဲ တောင် သူမသိတာကြောင့်။ မြောက်ဘက်ကို ညွှန်ပြနေသော သံလိုက်အိမ်မြှောင်ကို သာ အားကိုးလိုက်သည်။
ကင်မရာကို သေချာသိမ်းလိုက်သည်။ သူ့ဖေဖေ ဝယ်ပေးထားတဲ့ မွေးနေ့လက်ဆောင်လဲဖြစ်တယ်။ ရှေ့ခရီးဆက်လာပြီး လူးသွားလမ်းတွေ့လိုက်သည်ကြောင့် ထိုလမ်းအတိုင်းအရင်ပြေးလာတော့ ကွင်းပြင်အစကို သူရောက်လာတော့ အတော်ပင် ဝမ်းသာသွားသည်။ အရမ်းမကျယ်ပဲ ၁ဧက သာသာကျယ်သောကွင်းပြငါတွင် ထီးထီးကြီး ရှိနေသော ရဲတိုက်။
သူခြေလှမ်းတန့်သွားသည်။ နောက်မြေပုံကို ပြန်ထုတ်ကြည့်သည်။ မြေပုံထဲတွင် ဒီနေရာ မပါ။
YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
رعبသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......