အပိုင်း ၁၃ (နိုးထလာဖို့ခက်နေသေးတယ်)

5 1 0
                                    

နာကျင် နေသော ဉီးခေါင်း။ ကိုယ်လက်တွေက လှုပ်ရှားလို့မသွက်။ နာကျင်နေသော ဉီးခေါင်းကို လက်နှင့်စမ်းသပ်ကြည့် သည်။ သွေးစို့နေသေးသည်။ သူမကို ဆေးလေးတောင်ထဘ့်မထားပေး။ မျက်လုံးအားယူပြီးဖွင့်လိုက်တောံ အတော်ကို မြင့်နေသော မျက်နှာကျက်။ မီးဆိုင်းအကြီးကြီးကထွန်းလင်းနေသည်။

ခေါင်းနည်းနည်းစောင်းလိုက်တော့---အခန်းအကျယ်ကြီးထဲရောက်နေတာပဲ။ ကုတင်တစ်လုံးပေါ်မှာလဲနေတာပဲ။ ထထိုင်လိုက်တော့ သူမ ဉီးခေါင်းမှ သွေးများအိုင်ထွန်းထားသည့် အိပ်ရာ။

မျက်ရည်များဝဲတက်လာသည်။ မည်သူဆိုတာလဲ သိသွားပြီ၊ သူမ ဘာဖြစ်မယ်ဆိုတာလဲ---သိသွားပြီ။ စိတ်မကောင်း ဖြစ်မိပါသည်။ သူမကိုပေးခဲ့တဲ့ အသက်တစ်ချောင်းကို ပြန်ယူမယ့်သဘောပေါ့။

ဒါဆိုဘာကြောင့်များကယ်ခဲ့သေးလဲ။ သူမတကိုယ်လုံးက သွေးများကြောင့်ညစ်ပေနေပြီ. ရက်စက်လိုက်တာ။ မူ'နောက်နောက်ဖြစ်နေပေမယ့်---သူမထရပ်လိုက်သည်။ ခန်းမရဲ့ အလယ်မှာတွေ့ရတာကတော့---ရေကန်အကျယ်ကြီး။ နှင်းဆီပန်းပွင့်ချပ်တွေနဲ့ ပြည့်နေသည်။ ရေကန်ဘေးမှာတော့---ပန်းချင်း။ ပန်းခြင်းထဲမှာ အနက် ရောင်နှင်းဆီတွေ။

နှင်းဆီတွေ့ရင်ကိုရင်နာနေပြီ။ တံခါးဆိုလို့ တချပ်တည်းရှိသည်။ ကျိန်းသေမလွတ်မြောက်နိုင်မယ့်တံခါးပါ။ ပြတင်းအား လုံးက သံတိုင်များရှိနေပြီး---မှန်တံခါးအသေတွေဖြစ်သည်။

ပြီးတော့ အနက်ရောင်ဆိုဖာတစ်လုံး။

တစ်လှမ်းချင်း----တံခါးဆီလျှောက်လာသည်။ တံခါးဆွဲဖွင်လိုက်ချိန် တံခါးရှေ့တွင်ရပ်နေသော သူ့ကြောင့် သူမ အနောက်ကို လဲပြိုသွားပေမယ့် သူမ ဘဝက ဒရာမာ မဆန်ပါ။ သူမကိုဆီးဖမ်းမယ့်သူမရှိသလို သူမကို ပြုံးပြီးကြည့် မည့်သူသာရှိနေသည်။

"အင့်"

"ထွက်ပြေးမယ် ပြောပါတော့"

"မဟုတ်ဘူး"

သူမကိုငုံ့ကြည့်လာရင်း

"ဒါဆို---ဘာလဲ"

"နေရာမရင်းနှိးလို့ လိုက်ကြည့်နေတာ"

သူမကို ထားခဲ့ပြီး ဘေးနားကဖြတ်လျှောက်သွားပြီး

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now