အပိုင်း ၁၀ (ဒီလမ်းတစ်လမ်းတည်းပဲရှိတာ_၂)

7 1 0
                                    

မနက်လင်းချိန်ထိ သူမ မအိပ်ရသေး၊ အိပ်လို့မရတော့တာကကြောင့်ထိုင်နေရင်းက။ ယခုတော့--ခရီးဆက်ရတော့မည်။

လိုအပ်တဲ့ပစ္စည်းတွေသယ်လာပြီး သူတို့တွေ ရှာတွေ့ထားတဲ့ လူသွားလမ်းအတိုင်း လျှောက်လာရင်း ၃မိုင်ခန့်ကျော်လာချိန်မှာတော့---စိုက်ခင်းများတွေ့လိုက်ရသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာနိုင် သည်။ ပြောင်းခင်းများတွေ့ရပြီး ချိန် လွန်လာတော့ ရေခြံ။

အားလုံးရဲ့ မျက်နှာမှာ အပြုံးကိုယ်စီနဲ့။ ရေခြံအတွင်းမှာ လူတချို့ရှိနေတာကြောင့် လင်းစေမိုးက

"အရင်သွားမေးကြည့်လိုက်မယ်၊ ဒီမှာ ခဏနားနေအုံး၊ ဣန္ဒရီ---အဆင်ပြေရဲ့လား"

သက်ထား စိတ်အနှောက်အယှကဖြစ်တ=သည်။ ဘာကြောင့် သူမကိုပဲ သူကအာရုံစိုက်နေတာလဲပေါ့။

"ဟုတ်ကဲ့"

ခန့်သူရိန် ပင် သတိထားမိနေသလိုပင်၊ မေဉီးကတော့ သိတဲ့အတိုင်း သူမကို အမြင်မကြည်တာဆိုတော့။ သက်ထား သူမ ဘေးတွင်ရှိနေသည်။ ခန့်သူရိန်က သူမနားကပ်လာပြီး

"သူဘာဖြစ်တာလဲ၊ မင်းကို အရေးပေးလွန်းနေသလားလို့"

သူမကလဲ

"မသိဘူးလေ"

အဆင်မပြေချင်တော့။ သက်ထားကပဲ

"ဣန္ဒရီ့ကို ကြောင်ချင်လို့ဖြစ်မှာပေါ့၊ --နင်တို့က ချစ်သူအဆင့်ပဲရှိသေးတာလေ၊ ငါသာ ဣန္ဒရီဆို---နင့်ကိုထားခဲ့တယ်"

"နင့်ကိုကြိုက်မယ့်သူမရှိတိုင်း---ပြောမနေနဲ့ သက်ထား"

"မရှိတာမဟုတ်ဘူး သူရိန်၊ မထားတာ သိရဲ့လား"

"တော်ကြတော့---နင်တို့ ပြောနေတာတွေက အခုကိစ္စထက်အရေးကြီးနေလား"

ဣန္ဒရီဝင်ပြောလာသည်၊ ကျော်ဇောကလဲ

"မေဉီးနဲ့ အသိလို့သာပြောတာ၊ ဘာလို့ သူတို့တွေက ခင်ခင်မင်မင် မဟုတ်ကြတာလဲ"

အသံတိုးတိုးနှင့်လာပြောတော့

"ငါလဲ သိပ်မသင်္ကာဘူး" သက်ထားလဲ ထောက်ခံသည်။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now