ဣန္ဒရီ။ ဖြေးဖြေးချင်းလိုက်လာသည်။ သူမရဲ့ မလှမ်းမကမ်းမှာက လင်းစေမိုးနှင့် ဝေလ နှင့်အတူ ရွာသား ၃ဦး။
မှောင်ရီပျိုးချိန် ကျွဲနွားသိမ်းချိန်။ မီးခိုးနုရောင်ဝတ်ဆင်ထားသည်က သူမ အဝတ်လဲရန် အချိန်မရှိလိုက်တဲ့ အတွက်ပါ။
သူတို့ဘယ်သွားနေကြလဲ။ တောစပ်ကိုရောက်လာသည့်နောက်....သူတို့တွေ ခြေလှမ်းရပ်သွားတော့ သူမ ထိုင်ချလိုက်သည်။
အနောက်မှ လိုက်လာတဲ့ သူရှိမရှိစစ်ဆေးပုံပါပဲ။
နောက် တစ်စုံတစ်ခုကို တွန်းဖယ်တဲ့ အသံနှင့်အတူ။ သူမ ထရပ်လိုက်သည်။ သေတ္တာတစ်လုံးပင်။
ဖွင့်လိုက်တဲ့ အချိန် လေးမြှားတွေ။ လင်းစေမိုးက"အခုထိ ဒါတွေပဲလား၊ ဘယ်ခေတ်ရောက်နေပြီလဲ မသိဘူးလား"
"ရွာတွေမှာလဲ ဒါတွေကို သိပ်မသုံးပါဘူး၊ အခုက ဒါ ရိုးရိုးမြှားမဟုတ်ဘူး။ အဲ့ကောင် ဒီမြှားတစ်ချောင်းစိုက်ဝင်သွားရင် ...နည်းနည်းလေးမှ လှုပ်နိုင်မှာ မဟုတ်ဘူး၊ လူဆိုရင် ဘာမှ မဖြစ်ပေမယ့် သူတို့တွေကိုတော့ ရှင်းပစ်နိုင်တယ်"
"ဘယ်ကရလာတာလဲ"
"ဘိုးဘွားတွေထားခဲ့တာ၊ အရေးပေါ် သုံးဖို့အတွက် မှာထားခဲ့ပြီးသား။ အရင် က အဲ့ရဲတိုက်မှာ သူတို့လို က တစ်ကောင်တည်းမဟုတ်ဘူး၊ အုပ်စုလိုက်နေတာ၊ အချိန်ကြာလာတော့ နည်းပါးသွားတာပဲရှိတယ် လုံးဝ မပျောက်ကွယ်သွားဘူး"
လင်းစေမိုးက
"ဘာကြောင့်လို့ထင်လဲ"
"ကျိန်စာပဲ၊ အဲ့ကျိန်စာ ဖြေနိုင်တဲ့သူ မပေါ်လာသေးသ၍ ရွာသားတွေ အတွက် ရတက်မအေးဘူး"
ဣန္ဒရီ နားထောင်နေရင်းက ခြေထောက်ကို တစ်စုံတစ်ခု လာရစ်ပတ်တာကြောင့် ငုံ့့ကြည်လိုက်တော့ နွယ်ရှင်တေဠ။ သူမ မျက်လုံးပြူးသွားသည်။
သို့ပေမယ့် ဘာမှ မလုပ်ဘဲ သူမဘေးက ဖြတ်သန်းသွားလေသည်။
"မနက်ဖန် မတိုင်ခင် ပြီးအောင်လုက်မယ်၊ တခြားဘယ်သူပါသေးလဲ"
ဆိုတော့
"ငါလဲ လိုက်မယ်"
"မင်း..ဘာလို့လဲ"
YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Hororသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......