အပိုင်း ၉ (ဒီလမ်းတစ်လမ်းတည်းပဲရှိတာ_၁)

6 1 0
                                    

သက်ထားရင်ခွင်ထဲမှာပဲ ငြိမ်သက်ကာလိုက်ပါလာရင်း ။

"ငါ-‌တောင်းပန်ပါတယ်ဟာ"

"ရပါတယ် ၊ ဘာဖြစ်လဲ နောက်တခေါက်ပေါ့၊ ဒါပေမယ့် နင်ဘာဖြစ်နေလဲ ဆိုတာ ငါ့ကို ပြောဖို့တော့လိုအပ်လိမ့်မယ်၊"

"ငါ ပြန်ရောက်ရင် ပြောပြမယ်"

"အေးအေး"

တောင်ပေါ်ကို ကွေ့တက်လာသောနေရာကို ရောက်ခဲ့လေပြီ။ အတက်ကြမ်းတာကြောင့် စိုးတထိတ်ထိတ်နဲ့ တက်နေရသည်။

သေချာမမြင်ရတဲ့ အကွေ့အကောက်လမ်းတွေ။ ကားဘရိတ်နဲ့ ထိန်းပြီးမောင်းနေရသည်မို့ ခန့်သူရိန်စိတ်ပူနေသည်။ ဒီအချိန် ကားစက်ရပ်သွားရင် နောက်ပြန်လိမ့်မဇ ကျိန်းသေ....။

သူ့အတွေးပင် မဆုံး။

"ဟာ...ကားစက်ရပ်"

"ဗျာ"

ကားဘရိတ်ကိုအသေဖိနင်းထားတာတောင် တရက်စက် နောက်ပြန်လျောကျနေတော့

"ကောင်လေး၊ ဖားတုံး...ဖားတုံးခံလို့ ရ..."

စကားပင်မဆုံးလိုက်။ ဘရိတ်ပေါက်ပြီး ကားက နောက်ပြန်ဆင်းကျသွားတော့သည်။

ကားပေါ်မှာ အသံပေါင်းစုံ။ ကားက လမ်းပေါ်ကနေချော်ထွက်ပြီး ချောက်ထဲကို ထိုးကျသွားတော့သည်။

အားလုံး သေပြီးလို့တွက်ထားတာကြောင့် သက်ထား သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

လေပေါ်မှာတင် ကျွမ်းပျံပြီး

"ဝုန်း"

သစ်ပင်ပေါ် သွားတင်ပြီး

"ဝေါ...."

ထပ်မံထိုးကျသွားပြီး တောင်စောင်းကို ကားကျတဲ့ အကျ driver က စက်ပြန်နိုးလို့ရသည်နှင့် တောင်စောင်းတစ်လျောက်အရှိန်ပြင်းပြင်းထိုးဆင်းသွားတော့သည်။

"အားလုံးအကာ အကွယ်ယူထား"

"ဝုန်း"
ဧရာမ ဆူးချုံကို ခေါင်းထိုးစိုက်လိုက်ကြောင့် အားလုံး အထိ သက်သာသည်။

"ဝုန်း"

‌ကားအတည့်အတိုင်းပြန်ကျချိန်ရောက်တော့ တဖွဲ့လုံး ဂေါ်လီလုံးကို စကောထဲ ထည့်လိမ့်‌ထားသလိုကြောင့် ကားပေါ်မှ ဆင်းအန်တဲ့သူနဲ့ ဘာနဲ့။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now