ဟိုနေ့ကစကားက ဘာလိုလိုနဲ့ ပြီးသွားခဲ့သည်။ သူဖြစ်ချင်သလိုမဖြစ်။ စနေနေ့ သိုရောက်လာတော့လဲ။
"ကျောင်းပြီးမှ ဆိုရင် ပန်းအနေနဲ့ ပို အဆင်ေပြမယ်ထင်တယ်၊ "
ခနိ့သုရိန် လင်းသာခန့်ကို လှည့်ကြည့်သည်။ လင်းသာခန့် လက်သီးဆုတ်ထားရင်း သက်ပြင်းချလိုက်သည်။
"တစ်နှစ်ကျော်ကျော်ပဲ ကျန်တော့တာလေ၊ ပန်း ဘက်က အဆင်မပြေလို့"ဟ
အဖြေသိရပြီဆိုတော့ ရှင်းသွားပြီလေ။ လင်းသာခန့်အတွင် ထိန်းချုပ်ရမယ့်နေရာက ကျယ်ပြန့်သွားလေပြီ။
ဖေဖေကတော့
"ဒီတော့ နောက်မှ ပဲ စီစဉ်တာပေါ့၊ အားနာပါတယ်၊ "
ခန့်သူရိန်က
"ဘာမှ မဖြစ်ပါဘူး၊ စောင့်ရမှာပေါ့ဗျာ"
"သားကော၊ အဆင်ပြေရဲ့လား"
ပန်းမေမေရဲ့ အမေကို ပြုံးရင်း
"မပြေဘူး၊ အန်တီ၊"
ပန်း သူ့ကို လှည့်ကြည့်လိုက်သည်။ သူက
"ကျွန်တော့ရည်ရွယ်ချက်မအောင်မြင်တော့၊ နောက်ပိုင်း တခုခုဖြစ်လာရင် ဘယ်သူတာဝန်ယူမှာလဲ ဆိုတာ"
သက်ထား ဘာဆက်ပြောလာမလဲ နားထောင်သည်။
"နောက်တကြိမ် Accident မဖြစ်ဘူးလို့ ဘယ်သူ ခန့်မှန်းနိုင်မှာလဲ"
သူမကို စိုက်ကြည့်ရင်း
"နောက်ထပ် ဘယ်သူနစ်နာ မလဲ ဆိုတာ"
ပန်း နားမလည်ပေမယ့် သူဒေါသထွက်နေတာကိုတော့ သူမ သတိထားမိသည်။
"အခုမှ လက်မခံရင်၊ စေ့စပ်ပွဲ ကို ထပ်မကမ်းလှမ်းတော့ပါဘူး"
"သား၊ စကားကို ဆင်ချင်ပြော၊ လူကြီးတွေရှေ့မှာ။ "
သူ့ကို ဒေါသအလျောက် ပြုမူတယ်လို့ထင်နေပုံပဲ။
သူက
"ကျွန်တော် အမှန်ပြောနေတာ၊ အရမ်းအရေးကြီးနေလို့ ကျွန်တော် ဇွတ်စီစဉ်တာ၊ သူ့ကိုလဲ နားလည်အောင်ပြောပြီးသား၊ ဒါပေမယ့်...ပြီးသွားပြီလေ"

YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Horrorသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......