Lacuno vc။
မိုးသက်လေ နှင့်အတူ မိုးစက်မူန်လေးများ ကောင်းကင်မှ ကျဲချနေသည်။ ပျောက်တလှည့်ပေါ်တလှည့်နေရောင်က ထိုမိုးစက်မူန်လေးတွေရဲ့ အသွင်ကို ဖော်ဆောင်နေသည်။
တလုပ်စကားပင် အောက် တွင် သူတစ်ယောက်တည်းရှိနေပြီး မိုးစက်မူန်တွေကို လက်နှင့် ဆီးခံသည်။ သူ့ကိုယ်ပေါ် မိုးမူန်တွေကြနေပေမယ့် သူ့အသိစိတ်က ခန္ဓာကိုယ်တွင် ရှိမနေ။ လေယူရာလွင့်ပါနေတဲ့ မိုးစက်တွေနဲ့ အတူ ဉီးတည်ရာ မဲ့။
"အကိုလေး"
ဆိုတော့မှ သတိဝင်လာသည်။ သူ့ကိုယ်ပေါ်ကို ထီးတစ်ချောင်းနှင့် မိုးပေးပြီး ခြံလွှာတစ်ထည် သူ့ထိုင်နေသည့်အပေါ် လွှားတင်ပေးသည်။
"မိုးရွာနေတယ်လေဗျာ၊ ကျွန်တော်---အနောက်ဘက် မှာ စိုက်ခင်းပေါင်းနှုတ် နေတာ၊ အကိုလေး ဘယ်လိုလုပ်အပြင်ထွက်လာတာလဲ"
သူဘွဲ့ယူတဲ့နေ့ Car accident ဖြစ်ခဲ့သည့်နောက် တစ်နှစ်ကျော်ကျော် သတိလစ်နေခဲ့ပြီး၊ ပြန်နိုးလာချိန် သူ့ရဲ့ ခြေထောက်တစ်စုံက လှုပ်ရှားဖို့ မဖြစ်နိုင်တော့ပေ။
ဆရာဝန်ပြောတဲ့ စိတ်ထိခိုက်မူ့ရဲ့ အကျိုးဆက်၊ မကြာခင်ပြန်ကောင်းလာမှာပါဆိုတဲ့ စကားက သူတစ်နှစ်ပြည့်သည့်တိုင် လမ်းလျှောက်ဖို့ခဲရင်းနေသေးသည်။ Wheelchair အကူအညီ ယူရင် ယူ။ မဟုတ်ရင် ချိုင်းထောက်တော့သုံးရသည်။
"ဒီလောက်တော့ ထွက်လာနိုင်ပါသေးတယ်၊ မိုးလဲ အရမ်းရွာနေတာ မဟုတ်ပါဘူး"
"ဒါပေမယ့်လဲ---အကိုလေးအခြေအနေနဲ့က အဖျားဝင်နိုင်တယ်ဗျာ---"
"မေမေကော---"
သန့်စင်ထက်ပိုင် ဆိုတာ သူနဲ့ အတူတူကြီးပြင်းခဲ့တဲ့ ခြံစောင့်ရဲ့ သားဖြစ်သည်။ ကျောင်းအတူတူတက်ပြီး ဘွဲ့အတူတူ ယူနိုင်သည်။ မဟာတန်း တက်ခွင့်ရသော်လဲ။ သူ Accident ဖြစ်သည့်အတွက် ကျောင်းနားခဲ့တာပင်။
"အန်တီ---ဒီနေ့ Meeting ရှိတယ်၊ စောစောက ဖုန်းဆက်လာတယ်"
"အကိုလေးကို စိတ်ပူနေတာ ၂နှာရီခြားတစ်ခါဆက်တယ်"
ဆိုလေ။ သူ စိတ်ထိခိုက်လေ။ အသုံးမကျတဲ့ လူတစ်ယောက်ဖြစ်နေတာက သူ့အတွက် အကြီးမားဆုံး ပြစ်ချက် တစ်ခုပါ။ မေမေ့ သူ့ကြောင့် စိတ်သောက ရောက်နေရတာတွေ။ မေမေ သူ့ကြောင့် အမြဲလိုလို ပူပန်နေရာကနေ လွတ်မြောက်ချင်လာသည်။
YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Ужасыသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......