အပိုင်း ၂၄ (၂၀၂၀ ...စတင်ခြင်း)

4 0 0
                                    

"လင်းသာခန့်....ထတော့"

တစ်ယောက်‌ာက် သူ့ကို လာနိူးတာပင်။ အိပ်ပျော်နေရာက မျက်လုံးဖွင့်ကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက် သူမကို ငုံ့ကြည့်နေတာပင်။

သူ ထထိုင်သည့်ကို ကူညီသေးသည်။

"ဘယ်သူလဲ၊"

"မင်းကို ကူညီမယ့်သူပေါ့၊"

"ဘာကူညီမှာလဲ"

ဆိုတော့ သူမက

"ကြည့်ကြည့်လိုက်"

"ဟင်"

ထထိုင်နေသည်က သူဆိုပေမယ့် ခန္ဓာကိုယ်က အခုထိ လဲလှောင်းနေသေးသည်။ အသက်ရူစက်ကို တပ်ထားရသည်။ ဘေးနားမှာလဲ လူအစုံရှိနေကြတာ။ သူကုတင်ပေါ်က အမြန်ဆင်းခဲ့သာ်။

သူ့ကို ‌အနောက်ကို ဆွဲခေါ်လိုက်သည်။

"မြင်ပြီလား၊ အခု မင်းက သေတော့မယ့် အခြေအနေ၊ မကြာခင်ပေါ့ အသက်ရူရပ်တော့မှာ၊ ဒါပေမယ့် ငါကူညီပေးနိုင်တယ်၊ မင်းအသက်ဆက်ရှင်ဖို့"

ဆိုတော့ သူထူးဆန်းသလိုကြည့်လိုက်သည်။

"ငါနဲ့ အပေးအယူတစ်ခုလုပ်ရုံပဲ၊ ဒါဆို မင်းကို စောင့်နေတဲ့ သူတွေကို ပြန်တွေ့ခွင့်ရမယ်"

ဆိုတော့ သူအံဩသလိုဖြစ်သွားပြီးမှ တချက်ရယ်လိုက်သည်။

"ဂရေ့စ်လား"

"ဟမ်...နင်"

"နောက်တကြိမ်လား၊ နောက်တစ်ကြိမ် ကျွန်တော်နဲ့ အပေးအယူလာလုပ်တာလား၊ "

"နင်။  နင်"

သူ့ကို အလန့်တကြားနဲ့ ကြည့်ကာ နောက် ဆုတ် သွားသည်။ လင်းသာခန့် အနောက် ကို တချက်လှည့်ကြည့်လိုက်သည်။

လူစုံနေတာပဲ။ ဂရေ့စ်ဘက် ပြန်လှည့်လာရင်း။

"ဘာလဲ၊ ကျွန်တော် ဘာမှ မသိဘူးထင်လို့လား၊ အသက်ရှိနေတဲ့ ကျွန်တော့ကို ခင်ဗျားဘာမှ မလုပ်နိုင်ပါဘူး၊ ခင်ဗျားနဲ့ အပေးအယူမလုပ်ထားရင်ပေါ့။"

"နင် ြပန်လာတာလားLacuno"

သူက

"ကျွန်တော်က လင်းသာခန့်၊ Lacuno လဲ ကျွန်တော်ပဲ၊ ဒါကြောင့်လက်လျော့လိုက်ပါတော့"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now