ဣန္ဒရီ ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားသည့် ချယ့်ကို သူမ မော့မကြည့်ရဲ။
သူမ ကြောင့်ဆိုတာက ။
"သမီး အပြစ်ရှိတယ်လို့ ခံစားနေရတာလား၊။သမီးကြောင့် လုံးဝ မဟုတ်ပါဘူး၊ ချယ် သိတယ်၊
အရင်ကတည်းက ဖြစ်လာမယ့်အရာကို တားနိုင်သလောက်တားထားရုံပဲ၊ အဆုံးထိ ချယ် မတားလိုက်နိုင်တာပဲရှိတယ်၊ ဒါကြောင့် သမီး မေ့ပစ်လိုက်ပါ၊ အဲ့နေ့က သူ့အတွက် နောက်ဆုံးနေ့ပဲလေ"
ချယ့်မျက်ရည်တွေ သူ့လက်ခုံပေါ်ကျလာတော့မှ မော့ကြည့်လိုက်သည်။ ချယ်က ပြုံးပြသည်။
သူ့အတွက်နဲ့ သမီး အနာဂါတ်ကို လျှောက်ရမယ့်လမ်း နှောင့်နေးနေမယ်၊ သက်ထား ပြောပြလို့ ချယ်အားလုံးသိပြီးပြီ"
သူမ ခေါင်းညိတ်လိုက်သည်။ သန့်စင်က
"အန်တီ၊ ဧည့်သည်ရောက်နေတယ်"
"ဟုတ်ပြီ။ သမီးတို့ နားနားနေနေမဇ ပြန်နော်"
သူမတို့ကို ထားခဲ့ပြီး ချယ်ထွက်သွားချိန် သက်ထားက
"ငါမပြောဘူးလား၊ ချယ်နဲ့ တွေ့ကြည့်လိုက်ပါလို့၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား"
"အင်း။ နည်းနည်းတော့ စိတ်ပေါ့သွားတယ်၊
ဒါပပေမယ့်၊ ....""ဒါပေ။ မမဲ့တော့နဲ့၊ စာကြည့်တော့ ရှေ့အပါတ်ဆိုဖြေရတော့မှာ ပြီးရင် စာတမ်းဖတ်ရမှာ... အချိန်က ဘယ်လောက်မဇ မရှိတော့ဘယး၊ သိလား"
သူမ လေပူမူတ်ထုတ်ရင
"အင်းပါ"
-
-
-
တစ်လကြာပြီးနောက် သူမတို့စာတမ်းဖတ်တဲ့ နောက်ဆုံးရက်။ ချယ့်ကို နူတ်ဆက်စကားသွားပြောဖြစ်သည်။ ဌာန ထဲ မှာတင်ပဲ နူတ်ဆက်တော့..."ချယ် ရှေ့လ မှ သွားဖြစ်မှာ၊ချယ့်ဆီ လာကြအုံးနော်"
"ဟုတ်ကဲ့ ချယ်"
သက်ထားတို့ ဌာနထဲကအထွက်
"ဟေ့၊ ငါတို့ ခရီးထွက်မလို့၊ လိုက်ကြအုံးမလား၊"
ခရီးထွက်သည်ကို နည်းနည်းလေးမှ စိတ်မဝင်စားတဲ့ ဣန္ဒရီက မကြသလိုပင်။ သက်ထားကတော့

YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Korkuသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......