အပိုင်း ၄ (၂၀၀၀ခုနှစ်အဆုံးသတ်မတိုင်ခင်) _၂

7 1 0
                                    

သူ့စိတ် ရှင်းလင်းနေသည်။ ရာသီဥတု သာယာနေသလို သူလဲ စိတ်ပျော်နေသည်။ စာဖတ်ရင်း ‌ကောင်းကင်ကို မော့မော့ကြည့်နေတက်သည်။ သူနေနေကြ တလုပ်စကားပင်က ခြံဝန်းတံခါးကို မြင်ရဖို့မလွယ်ပါ။အလှထင်းရူးပင်ကွယ်နေသည်။

ကားဟွန်းတီးသံကြောင့် သူ စောင်းကြည့်သည်။ မမြင်ရပါ။ နောက်ထပ် ဟွန်းတီးသံကြောင့် အိမ်ဘက်ကို လှည့်ကြည့်လိုက် တော့ သန့်စင် ကရောသောပါးပြေးထွက်လာသည်။

သူ ကိုယ်ကို စောင်းပြီးကြည့်နေရင မျက်နှာမကောင်းစွာဖြစ်နေတဲ့ သန့်စင်ကို ကြည့်ရင်း စိုးရိမ်စိတ်တဖွဖွ တိုးလာသည်။

နောက် တံခါးဆွဲဖွင့်ပေးလိုက်တော့ ထိုကတစ်စီး မောင်းဝင်လာသည်။ သန့်စင် သူ့ကို စိတ်မကောင်းစွာ ကြည့်နေသည်။ ဘာဖြစ်တာမို့လဲ။

တဆက်တည်း မေမေ့ကားလဲ ဝင်လာတာဆိုတော့၊ မေမေ ကားရပ်ပြီး သူ့ဆီအမြန်လျှောက်လာသည်။ သူ့နားရောက်တော့

"သား၊ မေမေ သားကို အားနာလိုက်တာ၊ သားအပြင်လူတွေ ကို မတွေ့ချင်တာသိပေမယ့် သူတို့တွေက မေမေ့အရင်ရောက်နင့်နေတာ၊ပြီးတော့ thesis အတွက် စိုးရိမ်နေကြတော့ မေမေ့ဆီကို...."

"မေမေ၊ ကျွန်တော် အဆင်ပြေပါတယ်"

ပြုံးပြီး ပြန်ပြောလိုက်သည်။ မေမေ မျက်နှာမကောင်းတာကြောင့်

"ကျွန်တော့ကသာ မေမေ့ကို အားနာရမှာ၊.....ကျွန်တော် ဒီမှာပဲရှိနေမှာ၊‌ အဆင်ပြေတယ်"

"ချယ်"

မေမေ မျက်နှာ‌ပေါ်မှာ စိတ်ဓါတ်ကျတဲ့ အရိပ်အာဝါသတွေ တွေ့လိုက်ရတော့သည်။ ဖြစ်လာမယ့်အရာက ရှောင်လွဲလို့မှ မရဘဲ။

တစ်ဖွဲ့လုံးရောက် လာ‌ပြီ။ အားလုံး သူ့ကို မြင်တော့ ပါးစပ်အဟောင်းသားနှင့် ။

မေမေက

"အိမ်ထဲမှာစောင့်နေပါလား၊ချယ် အခုပဲ လာတော့မှာ။ ထိုစဉ် သက်ထားက ပြုံးစိစိနှင့်

"ချယ်...ဒါ ချယ့်ရဲ့ သားလားဟင်"

ဆိုတော့ သန့်စင် ဝင်ပြောမညိ အပြု

"ဟုတ်တယ်၊ ချယ့်ရဲ့ သား။ သားက နေသိပ်မကောင်းသေးလို့ ဘယ်သူ့ကိုမှ မပြောပြတာ"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now