အပိုင်း ၂၁ (ရှောင်လွဲ၍ မရ_၁)

6 0 0
                                    

နိုးလာပါပြီ။ ဒါပေမယ့် သူမကို မြင်ကော မြင်ရဲ့လား။ အသက်မှန်မှန်ရူနေရတာနဲ့။

"ငါ့ကို အသိပေးပါတော့လား၊ ငါပြန်လာမယ်၊ အဲ့မှာ အခြေအနေ ဘယ်လိုရှိလဲ...အဲ့လို ပြောပါတော့လား၊ အခုကြည့်၊ မပျော်တာကို ကြိတ်မှိတ်နေတာကတော့ နင်တော်တော်လွန်သွားပြီ"

အပြစ်တင်စကားဆိုပေမယ့် သူမက

"ငါ ပြန်မလာချင်ပါဘူး"

"ဒါဆို ပြော...ဘာလို့အခုလိုဖြစ်နေတာလဲဆိုတာ"

မဖြေတော့ဘူး။ အဲ့လိုမေးရင်။ ဆွဲကိုင် လှုပ်ပြစ်ချင်ပေမယ့် သူမက လူမမာ။

သက်ထားက မေးခွန်းပြန်ပြောင်းရသည်။

"အခုလိုဖြစ်နေတာ ဘယ်အချိန်ကတည်းကလဲ ရောဂါကို မေးတာ"

"ငါ ရွာက ထွက်လာပြီးကတညိးက၊ ဒီမှာနေတဲ့ ရက်တွေတိုင်းမှာ တခုမဟုတ်တခု၊ ဖြစ်နေတာ၊မနေ့ညကမှ..."

"မနေ့ညက ဘာဖြစ်လို့ လဲသွားရတာလဲ၊ ငါ ဒီရောက်တော့ ဟို အကိုလေ နင့်အကြောင်းပြောပြတယ်၊ ငါ အားလုံးသိပြီးပြီ၊ ဒါကြောင့် နင်နေကောင်းရင် ငါတို့ပြန်ကြမယ်"

ဆိုတော့မှ သူမ က

"သူဘာပြောလို့လဲ"

"နင့်ကို ပြန်ခေါ်သွားခိုင်းတာ၊"

ဣန္ဒရီ စိတ်မကောင်းဖြစ်နေသည့်အသွင်ကြောင့် သက်ထားက

"ငါ မေးမယ်၊ နင်...အဲ့အကို ကို ကြိုက်နေတာလား"

"ဟင်"

သူမ မေးခွန်းကို လန့်သွားရုံသာမက ပါးနှစ်ဖကိကလဲ နီနေတာ

"မဟုတ်ပါဘူး"

အကြောက်အကန်ငြင်းသာ်။

"ဟုတ်နေတာပဲကို..."

"မဟုတ်ဘူး"

သက်ထားက

"ထားပါတော့၊ မှန်နေရင်တောင် ရှေ့ဆကိလို့မှ မဖြစ်ပဲ၊ "

ဣန္ဒရီ မျက်နှာညိုးကျသွားသည်။ သက်ထား ခေါင်းခါမိသည်။ ဒါများ သူ့ကို ညှာချင်သေးတယ်၊

ငါတို့ ပေါင်းလာတာ ဒီလောက်ကြာနေပြီ။ နင် ငါ့ကို လိမ်လို့မရပါဘူး။ Lacuno ဘက်က ကော၊ ဒါကတော့ ရှည်ရှည်ဝေးဝေးစဉ်းစားနေဖို့ကို မလိုတာ။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now