အပိုင်း ၂၀ (ရင်ခုန်သံကို အသိအမှတ်ပြုခဲ့သော်)

4 0 0
                                    

လူတစ်ယောက်နေထိုင်ရာနေရာကို လူနဲ့တူအောင် ထားရတာဆိုတော့။

"ညီမ နေတက်ပ မလားဆိုးရိမ်နေတာ"

ဣန္ဒရီခက် ပြုံးလိုက်သည်။

"နေတက်ပါတယ်၊ တိတ်ဆိတ်နေတာက လွဲရင်၊ အကုန်အဆင်ပြေတယ်"

Lacuno အားနာမိသည်။ ထို့ကြောင့်

"ညီမ အပြင် အလိုက်ချင်ဘူးလား၊ ...ကိုယ်တနေရာခေါ်သွားမယ်"

သူမ နားထောင်နေသည်။

"ညီမ နှင်းဆီ ခင်း ကြည့်ချင်လား"

ဆိုတော့ ချက်ချင်းပဲ

"သွားမယ် သွားမယ်"

Lacunoက

"ညမှ သွားလို့ရမှာ"

ဆိုတော့ စောစောက တက်တက်ကြွကြွနဲ့ သွားဖို့ပြင်ဆင်တော့မယ့် သူမ ချက်ချင်းကြီးငြိမ်ကျသွားသည်။

"ကိုယ် နေ့ကို ကြိုက်သလိုထွက်လို့မရဘူး၊ တခါတလေတော့လဲ အဆင်ပြေတယ်"

ဣန္ဒရီ မသိမသာ သက်ပြင်းချလိုက်သည်။ ထိုစဉ် ရုတ်တရပ် သူမ ရင်ဘက်မှ စူးအောင့်လာတာ။

ချက်ချင်းထိုင်ကျသွားရာ

"ညီမ ဘာဖြစ်တာလဲ"

"ဘာမှ မဖြစ်ပါဘူး" သူမ ကုတင်ပေါ် ပြန်ထိုင်ရင်း

"ညမှဆိုရင် ဘယ်လိုလုပ်မြင်ရတော့မှာလဲ တော်ပါပြီ"

Lacuno က

"ဒီလပြည့်ပြီးရင်တော့ ရမယ်ထင်တယ်"

ဣန္ဒရီ က

"ဟို တစ်ယောက်လဲ မလာတော့ဘူး"

"ရှိပါတယ် ညီမ နဲ့ မတွေ့ဖြစ်လို့ပါ"

ရှိနေတာလား။ မရှိတော့ဘူးထင်နေတာ။

သူမ ပျင်းနေတာတော့အမှန်ပင်။ သက်ထားနဲ့ တွေ့ချင်ပေမယ့် သူမ မတောင်းဆိုချင်ပါ။

ဒီအချိန်ဆိုရင် သက်ထား ပြန်သွားလောက်ပြီ။ အခုတော့ အိမ်ကို လွမ်းနေမိသည်။ သူမ ဘာကြောင့် ဒီမှာနေခဲ့လဲ။

သူမ နဲ့ မရင်းနှီးတဲ့ သူဆီမှာလေ။ သူမ သူ့ကို လှည့်ကြည့်လိုက်သည်။ အခုမှ စဉ်းစားမိသည်။ ဘာကြောင့် ဒီမှာနေခဲ့တာလဲ။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now