ဣန္ဒရီခက်။ နေရာမှာတင်ရပ်နေမိသည်။ Lacuno သူမကို တွေ့တော့ ပြုံးပြပြီး အောက်ဆငး်လာဖို့လက်ယက်ခေါ်နေသည်။
အောက်ဆင်းလာသည့် ခြေထောက်တွေက မခိုင်ချင်တော့ပါ။ သူမ အခြေအနေကို မြင်နေရသည့်ခန့်သူရိန် မျက်ဝန်းတွေမှာလဲ နာကြည်းနေသည်ကို အတိုင်းသားမြင်နေရသည်။
သူ့နားဆွဲခေါ်လိုက်သည်ကို ခံလိုက်ရပေမယ့် သူမ မရုန်းကန်ရဲပါ။သူမပုခုံးကို ပိုင်ဆိုးပိုင်နင်းနဲ့ ဖတ်ထားပြီး
"ဣန္ဒရီ---သူတို့ကိုသိလား---ကိုယ့်နောက်ကိုလိုက်လာကြတာလေ"
သိရက်နဲ့မေးနေတာက။
"သူ့ကိုပြန်လွတ်ပေး၊ မဟုတ်ရင် ဒီရဲတိုက်တစ်ုလုံးကို မီးရှို့ပစ်မယ်" ခန့်သူရိန် ဘာမှမပြောပေမယ့် သူနှင့်အတူပါလာ သူတွေက ပါးစပ်စည်းမရှိပေ။
သူမလက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။
"ဘယ်မီးနဲ့လဲ---အခုလိုပြောလိုက်မိတဲ့အတွက်---ဘာကိုပြန်ပေးရမယ်ထင်လဲ"
တစ်ယောက်နဲ့တစ်ယောက်ကြည့်မိနေချိန်---
"အား----"
ဘယ်ကပေါ်လာမှန်းမသိတဲ့ နွယ်ရှင်တွေက ထိုလူတွေအကုန်လုံးရဲ့ခြေထောက်တွေကိုရစ်ပတ်ပစ်သည်။နောက်ကို တရွတ်တိုက်ဆွဲသွားသည်နှင့် ဣန္ဒရီ---လက်နှစ်ဖက်နှင့် မျက်နှာကိုအုပ်လိုက်သည်။ ခန့်သူရိန်ကိုတော့ချန်ထားပေးသေး သည်။
သူမလက်နှစ်ဖက်ကို သူဆွဲခွာလာတာတော့ အင်မတန်ဆိုးသည်။
"မြင်ရဲခဲတဲ့ မြင်ကွင်းကို ဘာလို့အလွတ်ပေးမှာလဲ"
သူမ မကြည့်ပေမယ့် အော်သံတွေကြောင့်မည်သို့ဖြစ်ပျက်နေမည်ကို သိလိုက်သည်။ ခန့်သူရိန်ပင် သွေးလန့်သွားအောင် ပင်။
အသံတွေအားလုံးပျောက်သွားချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ ခန်းမတစ်ခုလုံးသွေးများနှင့် လွမ်းနေတော့သည်။ ခန့်သူရိန် သူမကို ကြည့်ရင်းမျက်ရည်ဝဲနေတာကိုလဲတွေ့လိုက်ရသည်။
"မင်းပြန်တော့---ဒါပေမယ့် မင်းကိုဖိတ်တယ်---ငါတို့ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက်"

YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Horrorသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......