for unicode Part(1)(2)

4.4K 150 16
                                    

"ယံလင်းထက် ထတော့ သား ထတော့"

ဒေါ်သက်လင်းမေ တစ်ယောက်အိပ်ပုပ်ကြီးလှတဲ့ ချစ်လှစွာသော သားတော်လေးယံလင်းထက်အား နှိုးနေခြင်း ဖြစ်သည်

"ဒေါက် ဒေါက် "(တံခါး ခေါက်သံ)

"နိုးပြီ မေမေ နိုးပြီ မခေါ်နဲ့တော့"

"အေးအေး နိုးရင်လည်း ရေမိုးချိုးပြီး ဆင်းလာ"

ဒေါ်သက်လင်းမေ ဆင်းသွားသည်နှင့် ယံလင်းအိပ်ရာပေါ်မှ ထကာ ရေမိုးချိုးအဝတ်အစားလဲတော့သည်

ဒီနေ့က တက္ကသိုလ်နောက်ဆုံးနှစ်ရဲ့ ပထမဆုံးနေ့ပင်
သူငယ်ချင်းတွေက စောင့်နေမည်ဖြစ်တယကြောင့် ယံလင်း နောက်ကျလို့မဖြစ်ပေ

--------

"အော် သားလာ မနက်စာလာစား"

အောက်ထပ်ရောက်သည်နှင့် မနက်စာစားရန် ယံလင်းမိဘတွေ ထမင်းစားခန်း၌ ယံလင်းအားစောင့်နေသည်

"မောနင်း ဖေဖေ မောင်နင်းမေမေ"

ယံလင်းနှုတ်ဆက်ပြီးသည်နှင့် ထိုင်ခုံတွင်ဝင်ထိုင်ကာ မနက်စာစားလေသည်

"သား..သားမှာချစ်သူရှိလား"

ဒေါ်သက်လင်းမေဆီမှ ဆိုလာခြင်းဖြစ်သည်

"No..မား မရှိဘူး"

တေဇ အဖြေကြောင့် ဒေါ်သက်လင်းမေ တစ်ချက်ပြုံးလိုက်ပြီး

"ကောင်းတာပေါ့ ချစ်သူမရှိတော့ မေမေက မေမေ့မိတ်ဆွေရဲ့သားနဲ့ သားကိုလက်ထပ်ပေးဖို့"

"အဟွတ်..အဟွတ်"

ဒေါ်သက်လင်းမေရဲ့စကားကြောင့် ယံလင်းသောက်လက်စ ကော်ဖီပင် သီးသွသည်

"ဘာပြောတယ် မေမေ သားကိုယောကျာ်းပေးစားဖ်ု့ မယူဘူးနော် မယူဘူး"

"ယောကျာ်းမယူတော့ နင်က ဘာယူမှာလဲ"

"မိန်းမယူမှာပေါ့"

ဒေါ်သက်လင်းမေ ဟက်ပတ်ပတ်ရယ်ကာ

"နင်ကမိန်းမယူမယ် စဥ်းစဥ်းစားစားလည်းပြောပါဦး ယံလင်းရယ်  နင်ကဘယ်မိန်းကလေးကို ယူမှာလဲ နင့်ကိုကော ဘယ်မိန်းကလေးကယူမှာလဲ
ကိုယ့်မျက်နှာလည်းကိုယ် မှန်ထဲပန်ကြည့် အသားကဖြူဖြူဖွေးဖွေး နှုတ်ခမ်းကနီနီ မျက်လုံးကလည်းဝိုင်းနေသေးတယ် ယောကျာ်းတန်မဲ့ cute typeဖြစ်နေတာ ဘယ်မိန်းကလေးကယူမှာလဲ မိန်းကလေးနဲ့နင်လားငါလား ရုပ်နဲ့များ မိန်းမယူဦးမယ် ဟားဟား....."

သက္ဆံုးတိုင္(complete)Where stories live. Discover now