Part(21)unicode

2.5K 120 4
                                    

လေထဲသို့အရှိန်ပြင်းစွာနဲ့လွှင့်ပျံသွားတဲ့ အဖြူရောင်ပုံရိပ်လေထဲသို့အရှိန်ပြင်းစွာနဲ့လွှင့်ပျံသွားတဲ့ အဖြူရောင်ပုံရိပ်လေထဲသို့အရှိန်ပြင်းစွာနဲ့လွှင့်ပျံသွားတဲ့ အဖြူရောင်ပုံရိပ်လေး
ထိုစဉ်အချိန်ခဏ တေဇရဲ့ကမ်ဘာတစ်ခုလုံး ရပ်တန့်သွားသလိုပင်

ကားကေတာ့ ယံလင်းကိုတိုက်မိသည်နှင့် အဝေးသို့ထွက်သွားလေပြီ

မြေပြင်မှာ သွေးတွေနဲ့လဲကျနေတဲ့ယံလင်းဆီသို့ တေဇပြေးသွားရင် ရင်ခွင်ထဲထည့်ထားလိုက်သည်

ရင်ခွင်ထဲကသူလေးကတော့ ကမ်ဘာမြေကြီးနဲ့ အဆက်အသွယ်ပြတ်ကာ အိပ်မောကျလေသည်

"ယံ..ယံ..ထပါဦး..ယံ.."

တေဇ အရူးတစ်ယောက်လုံး ယံလင်းကိုပွေ့ကာ ခေါ်နေသော်လည်း ရင်ခွင်ထဲကလူက တုတ်တုတ်ပင်မလှုပ်ပေ

"ဆေး..ဆေးရုံ.."

တေဇမျက်နှာတစ်ခုလုံးမျက်ရည်တွေအပြည့်ဖြင့် ယံလင်းကိုကားပေါ်သို့တင်ကာ ဆေးရုံကိုခေါ်သွားလေသည်

ဆေးရုံရောက်တော့

"လူနာရှင်..အပြင်မှာနေပေးပါ.."

တေဇ operationအခန်းထဲထိဝင်ရန်လုပ်တော့ သူနာပြုတွေကဝိုင်းတားနေကြသည်

တေဇခုံပေါ်သို့ထိုင်ချလိုက်ပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ ငိုနေလေသည်

"သား..သားဘာဖြစ်တာလဲ.."

တေဇအမေနဲ့ယံလင်းအမေတို့ရောက်လာပြီး တေဇကိုလှမ်းမေးလိုက်သည်

တေဇ ဒေါ်ခင်မေ့ရင်ခွင်ထဲဝင်ပြီး

"မေမေ..ယံ..ယံလေ...သားကြောင့်.."

တေဇ ဆက်မပြောနိုင်တော့ဘဲ အသံတွေတိမ်ဝင်သွားချေသည်

ဒေါ်သက်လင်းမေ တေဇကိုမျက်ရည်လေးတွေနဲ့ကြည့်ပြီး

"မဟုက္ဘူး..သား..သားကြောင့်မဟုက်ပါဘူးကွယ်..."

ဒေါ်သက်လင်းမေပြောရင်းနဲ့ငိုရှိုက်နေတော့သည်

အချိ်န်ကား အလွန်ကြာမြင့်နေပြီ ယံလင်းခုချိန်ထိ operation အခန်းတွင်းမှ မထွက်သေးပေ

သက္ဆံုးတိုင္(complete)Where stories live. Discover now