"သားယံလင်း ဒီနေ့ သွားတွေ့ရမှာ လှလှလေးဝတ်သွားနော် "
"..........."
ဒီနေ့ ယံလင်းထက် စေ့စပ်ထားတဲ့သူနဲ့တွေ့ရမှာမို့လို့ မနက်ထဲက မျက်နှာဆူပုပ်ပုပ်ဖြင့် ဒေါ်သက်လင်းမေကို စကားမပြောပေ
ဒေါ်သက်လင်းမေစကားပြန်မပြောသော သားကြောင့် သက်ပြင်းသာအကြိမ်ကြိမ်ချနေမိတယ်
"အေး ယံလင်းထက် ငါပြောတဲ့အတိုင်းမလုပ်လို့ကတော့ နင့်ကိုအိမ်ပေါ်ကဆင်းခိုင်းမှာ ကြားလား"
"ကြားတယ် ကြားတယ် အားနေ အိမ်ပေါ်က ဆင်းခိုင်းမယ်ဆိုတဲ့စကားနဲ့ဘဲခြိမ်းခြောက်နေတယ် ဟွင့်"
ယံလင်း ဒေါ်သက်လင်းမေအား စူပုပ်ပုပ်ဖြင့်ပြောပြီး ခြေထောက်ကိုဆောင့်ကာ အပေါ်သို့တတ်သွားတော့သည်
ဒေါ်သက်လင်းမေမှာတော့ပြောမရတဲ့သားကြောင့် နောက်တစ်ကြိမ်သက်ပြင်းသာချလေသည်
*****************
တေဇ သူ့အရှေ့ကကောင်လေးကိုကြည့်နေသည်မှာ ကြာနေပြီဖြစ်သည်
ရောက်ကတည်းက ခင်ဗျားကြီးကတေဇမင်းမောင်လားဆိုပြီးလာမေးသည်
ဟုတ်တယ်လည်းဆိုရော် ခုံမှာဝင်ထိုင်ကာမုန့်တွေမှာပြီးစားနေတာဖြင့်များ
မေးကြည့်ချင်တယ် ကျွန်တော်ရှိတယ်ဆိုတာကိုကောသတိရရဲ့လား
မုန့်တွေကိုပါးစပ်နဲ့မဆန့်အောင်အပြည့်ထည့်ထားတာပါးနှစ်ဖက်ကိုဖောင်းလို့
ဒါတောင် လက်နှစ်ဖက်ကနောက်ထပ်ပါးစပ်ထဲထည့်မဲ့မုန့်ကိုကိုင်ထားသေးတယ်
ဝတ်လာတဲ့အဝတ်အစားကိုကောကြည့်ဦး
အောက်ကဂျင်းဘောင်းဘီနဲ့ အပေါ်ကအကျီိကခပ်ပွပွ သူ့ကိုယ်သူ ၅နှစ်သားများမှတ်နေလား
အစထဲကမလာချင်ပါဘူးလို့ပြောနေတာကို အမေကသွားပါဆိုလို့အတင်းသာသွားရတာ စိတ်ကမပါပေ
မိုးရွာနေတဲ့အပြင်ကို စားသောက်ဆိုင်ရဲ့ပြတင်းပေါက်မှန်ကနေကြည့်ပြီး သက်ပြင်းသာ ချနေမိတယ်
"အဟင့် အဟင့်..."
ချောင်းဆိုးသံကြောင့်တေဇလှည့်ကြည့်မိတော့ ထိုကောင်လေးကသူ့အားမျက်လုံးလေးအဝိုင်းသာဖြင့်ကြောင်ကြည့်နေတယ်
"ဟို ခင်ဗျားကြီးမှာ ရည်းစားရှိလား"
တေဇ စိတ်ထဲတွင်တော့
*ဘာလား ဒီကလေးလေးက ဘာတွေလာမေးနေတာလဲ*
တေဇ မျက်မှောက်ကြုံလိုက်ပြီး
"ရည်းစားလား ဟင့် ရှိတာပေါ့ အများကြီး "
ထိုကောင်လေး ပျော်သွားတယ်ထင်ပါရဲ့ ကျွန်တော့်ကိုသူ့သွားတတ်လေးတွေ ပေါ်တဲ့အထိရယ်ပြပြီး
"ကောင်းတာပေါ့ ကျွန်တော့်မှတော့တစ်ယောက်မှမရှိဘူး ခင်ဗျားကြီးကလည်း ကျွန်တော့်ကိုမချစ်ဘူး ခင်ဗျားကြီးငြင်းလိုက်ပါလား ခင်ဗျားကြီးမှာချစ်တဲ့သူရှိနေတယ်လို့"
"ချစ်သူ ကိုယ့်မှာချစ်သူမရှိဘူး"
"ခင်ဗျားကြီးပြောတော့ ချစ်သူရှိတယ်ဆို ခင်ဗျားကြီး ကလိမ်ကျတာဘဲ"
"ဟားဟား..."
တေဇအသံထွက်အောင်ရယ်ပြီး
"ကိုယ်ပြောတာရည်းစားရှိတယ်လို့ပြောတာလေ"
"ဗျာ ခင်ဗျားကြီး တကယ်မကောင်းဘူး ကျွန်တော်ခင်ဗျားလို မိန်းမရှုပ်တဲ့သူနဲ့လက်မထပ်နိုင်ဘူး"
တေဇ နှုတ်ခမ်းတောင့်လေးကိုကွေးညွှန့်နေအောင်ပြုံးလိုက်ပြီး
(😏😏လူယုတ်မာအပြုံး🤣🤣)
"ငါကလည်းမင်းလို ကလေးရုပ်နဲ့လူမျိုးကို လက်မထပ်ပါဘူး ဟွင့်"
ယံလင်း ငိုချင်သလိုတောင်ဖြစ်သွားသည် တကယ်ကိုလက်မထပ်ချင်ပေ သူကြောက်တယ် မိန်းမများတဲ့သူနဲ့လက်ထပ်ရမှာ သူမလိုချင်ပေ ဒီလိုယောကျာ်းမျိုးကို
"မင်းကျ ဘယ်လိုမငြင်းတာလဲ"
တေဇ ကော်ဖီခွက်ကိုကိုင်ယူကာ ပြောလိုက်ခြင်းဖြစ်သည်
"ကျွန်တော် ငြင်းတယ် အိမ်ပေါ်ကကန်ချမယ်ဆိုလို့"
"ဘာလို့လဲ ဆင်းသွားလိုက်လေ"
ယံလင်း တေဇကို မျက်စောင်းတစ်ချက်ပစ်ထိုးပြီး
"ကျွန်တော်မဆင်းဘူး ကျွန်တော်အိမ်ပေါ်ကဆင်းပြီး ဘယ်မှာသွားနေရမှာလဲ မဆင်းဘူး ကျွန်တော်ဘာအလုပ်မှ မလုပ်တတ်ဘူး"
"ငါလည်းလက်မထပ်ချင်သလို မင်းလည်း လက်ထပ်ချင်တာမဟုတ် ဒါဆို နှစ်ယောက်တူတူဖွင့်ပြောကြတာပေါ့"
ယံလင်းလည်းတစ်ချက်ပြုံးလိုက်ပြီး
"Om အဲ့အကြံကောင်းတယ် ကျွန်တော်တို့လက်မထပ်နိုင်တဲ့အကြောင်းတူတူဖွင့်ပြောမယ်😊😊😊"
--------------------------------------------------