"အစ်ကိုလေး ဘယ်သွားမလို့လဲ"
တေဇ အောက်ထပ်ရောက်သည်နှင့် တန်းတွေ့သောဦးနု
"........."
တေဇကတော့ဘာမှမပြောဘဲသာထွက်သွားတော့သည်
ပြိုင်ကားအနက်ရောင်လေးကိုထုတ်ကာခြံဝန်းထဲမှ အရှိန်ပြင်းစွာမောင်းထွက်သွားသောတေဇ
အိမ်ကြီးရဲ့အပေါ်ထပ်အခန်းထဲမှတော့ ခုတင်လေးကိုမှီကာငိုနေသောယံလင်း
**********
"ဟျောင့် တော်တော့ မင်းမူးနေပြီ"
ကောင်းခန့်နဲ့မြင့်ဦးတို့ ဘယ်လောက်တားတား မရပ်ဘဲနဲ့အရက်တွေကိုသာလှိမ့်သောက်နေမိသည်
"ဟျောင့် ဘယ်သွားမလို့လဲ"
".........."
ကောင်းခန့်နဲ့မြင့်ဦးတို့ ဘယ်လောက်ခေါ်ခေါ်လှည့်တောင်မကြည့်ဘဲ မပြောမဆိုနဲ့ဆိုင်ထဲမှထွက်သွားလေသည်
တေဇ မူးမူးဖြင့် အိမ်ကိုပြန်ရောက်လာခဲ့သည်
ဦးနုနှင့်ကျန်တဲ့အိမ်ဖော်တွေက တွဲခေါ်သော်လည်း တေဇ သူတို့လက်တွေကိုဖယ်ထုတ်ကာ အပေါ်ထပ်ဆီသို့သာ သွားနေသည်
အခန်းတံခါးဖွင့်ပြီး ယံလင်းဆီကို သွားလိုက်သည်
တေဇ ယံလင်းဘေးမှာ ဝင်ထိုင်ကာ အိပ်ပျော်နေတဲ့ ယံလင်းကိုသာ ကြည့်နေမိသည်
နဖူးပေါ်တွင် ဆံပင်လေးတွေကဝဲကာကျနေသည်
တေဇ ယံလင်းဆံပင်လေးတွေကိုခေါင်းပေါ်သို့သပ်တင်ကာယံလင်းနှုတ်ခမ်းကိုကြည့်နေမိသည်
သူယံလင်းကိုမှန်းတယ် ဘာလို့မုန်းလဲဆိုတာကိုမသိပေ
ယောကျာ်းတန်မဲ့တေဇရဲ့ယောကျာ်ုးဖစ်လာလို့လား
ယံလင်း နဒီ့ကိုကြိုက်နေလို့မုန်းနေတာလား
သူအခုသဝန်တိုနေတာလား
တေဇ ခေါင်းကိုခါယမ်းလိုက်ပြီး
ငါက နဒီ့ကိုမကြိုက်လောက်ပါဘူး ယံလင်းကသူ့ကိုကြိုက်တာနဲ့ ငါဒေါသထွက်ကာ ယံလင်းကိုမုန်းတယ် နဒီ့ကြောင့်လား
