Part(16)Z+U

3.1K 234 12
                                    

မိုးလည်းချုပ်နေပြီဖြစ်သည် ယံလင်းတေဇကိုမျှော်နေသည်မှာလည်းကြာနေပြီ တေဇကတော့ပြန်မလာသေးပေ
ယံလင်းလည်း ပျင်းလာတာကြောင့်ခြံဝန်းထဲသို့ လမ်းလျှောက်ရန်ဆင်းလာခဲ့တော့သည်

အောက်ထပ်ရောက်သည်နှင့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှာခေါင်းရှုံမိသည်

ဧည့်ခန်းတွင် ခုံကိုမှီကာ ခြေနှစ်ချောင်းချိတ်ထိုင်နေသည့် နဒီ
လက်မှာလည်းဝိုင်ခွက်ကိုင်ကာ ဇိမ်ခံသောက်နေသေးသည်

ယံလင်းလည်း မမြင်ချင်ယောင်ဆောင်ကာ အပြင်သို့ထွက်ရန်ပြင်လိုက်သည်

"ခဏ​နေဦး.."

နဒီခုံပေါ်မှ ထကာ ယံလင်းဆီသို့လျှောက်လာသည်
ယံလင်းလည်းပြန့်လှည့်လာကာ

"ဘာကိစ္စလဲ.."

"ဘယ်သွားမို့လဲ.."

နဒီ့ရဲ့မေးခွန်းကြောင့် ယံလင်းစိတ်ညစ်မိသည်
သူ့ကိုတစ်သက်လုံးဒီလို ပလိန့်စစ် စစ်ပြီးမမေးကြဖူးဘူး

"နင့်အပူပါလား"

ယံလင်းရဲ့အဖြေကြောင့် နဒီဒေါသထွက်လာဟန်တူပါသည်

"နင့်ကိုနင်ဘာထင်နေလဲ $ကောင်ရဲ့..ယံလင်းထက်"

"ဘာပြောတယ်"

ယံလင်းရဲ့မိဘတွေပင် ယံလင်းကို $သုံးကာ မပြောဖူးပေ ခုတော့နဒီကပြောလာတာကြောင့် ဒေါသတော့ထွက်မိသည်

"ဘာလဲ..မကျေနပ်ဘူးလား"

နဒီကတော့ ဂရုမစိုက်သလို အကြည့်တွေကြည့်ကာ ဆက်ပြောလေသည်

"နင်သိလား..နင့်လိုယောကျာ်းတစ်ယောက်က ငါ့လိုမိန်းမတစ်ယောက်ကိုနိုင်မယ်ထင်လား..ဘယ်တော့မှနင်ငါ့ကိုမနိုင်စေရဘူး"

နဒီ့ရဲ့စကားတွေကအထက်စီးဆန်လွန်တာကြောင့် အမြင်ကပ်လွန်းလှသည်
စကားတွေကရိုးရှင်းလှသည်
သူမပြောချင်တဲ့အဓိပ္ပါယ်က မောင့်ကိုသူ့အပိုင်ဆိုတာကိုကြောညာနေပုံပင်
တေဇအချစ်ကို မိန်းမတစ်ယောက်ကသာ ရနိုင်ပြီး ယောကျာ်းဖြစ်တဲ့ကျွန်တော်ကမရနိုင်ဘူးလို့ ဆိုလိုခြင်းဖြစ်သည်

သက်ဆုံးတိုင်(complete)Where stories live. Discover now