တေဇ အိမ်ပေါ်ထက်ရောက်တော့ ယံလင်းကို တွေ့ပါလေပြီ
အခန်းထဲမပြန်ဘဲ အပေါ်ထက်ဧည့်ခန်းပေါ်မှာထိုင်ပြီး တေဇကိုကြည့်နေသည်
တေဇလည်း ယံလင်းအနားသွားပြီး"ဘာလုပ်နေတာလဲ..ဒီမှာ.."
တေဇ မေးလိုက်တော့မှ ခေါင်းလေးကိုကုတ်ကာ ပြုံးပြပြီး
"ဟို...အခန်းမသိလို့ အဲ့တာ.."
"အော်...ကိုယ့်နောက်လိုက်ခဲ့.."
ထိုသို့ပြောကာ ယံလင်းလက်ကိုဆွဲပြီး သူတို့နှစ်ယောက်ရဲ့အခန်းလေးဆီသို့ သွားလေသည်
အခန်းထဲရောက်တော့ ယံလင်းပြေးသွားကာ ခုတင်ကြီးပေါ်သို့တတ်သွားလေသည်
"အား...ပင်ပန်းလိုက်တာ..."
ခုတင်ပေါ်မှာ ခြေကားယားလက်ကားယားဖြင့် ညီးနေတဲ့ ယံလင်းကိုကြည့်ကာ တေဇပြုံးမိသည်
"ကိုယ့်ခလေးလေး ပင်ပန်းနေပြီ အိပ်တော့..."
တေဇ စကားကြောင့် ယံလင်း တေဇကိုမျက်စောင်းတစ်ချက်ပစ်ထိုးကာ
"ဘာလဲ..ဘာကိုကိုယ့်ခလေးလေးလဲ..လူကိုကြောက်အောင်လို့...နာမည်ဘဲခေါ်ပါ.."
ဆက်ဆက်ထိမခံ စွာတေးလန်နေတဲ့သူ့ခလေးလေးကိုကြည့်ပြီး တေဇအော်ရယ်မိသည်
"ဟားဟား..ခလေးလေးကချစ်ဖို့ကောင်းလိုက်တာ..."
"Garrrr....မခေါ်နဲ့ ကျွန်တော်ကလူကြီး..."
ယံလင်းစကားကြောင့် တေဇမျက်ခုံးတစ်ချက်ပင့်ကာ အိပ်ရာပေါ်သို့တတ်လာသည်
"ဟုက်လား..လူကြီးဖြစ်ပြီပေါ့.."
"ဟုက်တယ်...မကျေနပ်ရင် 1vs1 ဘယ်လိုလဲ..."
"1 vs1 "
ယံလင်းစကားကို တေဇသံယောင်လိုက်ကာပြောပြီး ရယ်လေသည်
"မင်းက ကိုယ့်ထက်အကောင်သေးတာ ထိုးရင်လည်း ကိုယ်ဘဲနိုင်မှာ ကြည့်လိုက် ကိုယ့်လက်သီးကို..."
တေဇ လက်သီးစုပ်ကာ ယံလင်းမျက်နှာရှေ့သို့ထိုးပြီးပြလေသည်
"ဘယ်သူကခင်ဗျားနဲ့ထိုးမယ်ပြောလည်း..ကျွန်တော်က 1vs1 ဂိမ်းဆော့မယ်ပြောတာ..."
