Part(31)

2.6K 180 13
                                    

"အမနဒီ ပြန်ရောက်ပြီလား..."

နဒီ အိမ်ထဲသို့ ဝင်ဝင်ချင်း ပွင့်လွှာလှမ်းမေးလိုက်လေသည်
ထို့နောက် ခုံပေါ်မှ ထလာကာ နဒီ့ရှေ့သို့လျှောက်လာသည်

"ဖယ်စမ်းပါ...ငါရေသွားချိုးဦးမယ်.."

နဒီ ပွင့်လွှာကို တွန်းဖယ်ပြီး အိမ်ပေါ်သို့တတ်ရန်ပြင်လိုက်လေသည်
သိုပေမဲ့ ပွင့်လွှာက နဒီ့လက်ကိုပြန်ဆွဲကာ မျက်နှာချင်းဆိုင်စေလိုက်သည်

ထို့နောက် သူ့ဖုန်းကို နဒီ့ရှေ့ထိုးပြလိုက်ကာ

"ယံလင်းနဲ့ရန်သွားဖြစ်လာတယ်ပေါ့..."

ခုနတုန်းက ယံလင်းနဲ့ သူနဲ့ရန်ဖြစ်နေတဲ့videoဖြစ်သည်

နဒီ ပွင့်လွှာလက်ကိုဆွဲဖယ်လိုက်ပြီး

"နင်နဲ့ဘာမှမဆိုင်ဘူး.."

"ဘာလို့ ဘာမှမဆိုင်ရမှာလဲ...မမအရမ်းလွန်တာဘဲ..သူများအိမ်ထောက်ရေးကို အရမ်းဖျက်ဆီးတဲာ.."

"ပွင့်လွှာ!!!...ငါနင့်အမနော်..."

"ညီမ...ဟုက်လား...ညီမမှာ သူများအိမ်ထောင်လိုက်ဖျက်စီးတတ်တဲ့အမမရှိဘူး.."

"ဖြောင်း!!.."

နဒီ ပွင့်လွှာပါးကို ရိုက်လိုက်လေသည်

"ငါ့မှာလည်း အမထက်သူစိမ်းပေါ်ကောင်းနေတဲ့ညီမမရှိဘူး.."

"ဟင့်...ကောင်းပြီ..ညီမတစ်ခုပြောလိုက်မယ်...ညီမသားတွေကိုမထိပါနဲ့  .."

"အဲ့ဒါတော့..အာမမခံနိုင်ဘူး.."

ထိုသို့ပြောကာ နဒီ အိမ်ပေါ်သို့တတ်သွားတော့သည်

********

"ယံ..မသွားပါနဲ့..."

တေဇ အထုတ်အပိုးတွေနဲ့အပြင်ကို ထွက်နေတဲ့ ယံလင်းကို တားနေခြင်းဖြစ်သည်

"ဖယ်...ခင်ဗျားနဲ့မနေဘူး...ကျွန်တော်လူဆိုးဖြစ်ရတာ ခင်ဗျားကြောင့်..."

"ယံ...."

ယံလင်းပြောရင်းဖြင့် ကားထဲသို့ ဝင်သွားပေသည်

တေဇ ကားရှေ့သို့ ပိတ်ရပ်လိုက်ပြီး

"ကိုယ့်ကိုမထားသွားပါနဲ့......ကိုယ်တကယ်မင်းမရှိရင်မဖြစ်လို့ပါ.."

သက္ဆံုးတိုင္(complete)Where stories live. Discover now