ကိုယ်လည်း...မင်းကို..အရမ်းချစ်တယ်...ယံ..."
တေဇရဲ့အသံကြောင့် ယံလင်းခေါင်းထောင်ကာ တေဇကိုကြည့်လိုက်လေသည်
သူ့ကိုကြည့်နေသော တေဇကတော့ ပြုံးရယ်နေလျှက်ပင်
"ခင်ဗျား...ခင်ဗျား...မသေသေးဘူးပေါ့..."
"ခလေးကသေစေချင်တာလား.."
"မဟုက်ပါဘူး...ကျွန်တော်က...ဘာလို့သေခိုင်းရမှာလဲ.."
"ခုနကကြားလိုက်ပါတယ်...ခင်ဗျားကို..အရမ်းချစ်တယ်ဆို..အဲ့တာဟုက်လား.."
ချက်ခြင်းဆိုသလို ယံလင်းမျက်နှာ နီရဲသွားကာ
"မဟုက်...မဟုက်ပါဘူး..ဘယ်တုန်းကပြောလိုက်တာလဲ.."
"aww...ဟုက်လား...ဒါမဲ့ကြားလိုက်ပါတယ်.."
ယံလင်းရှက်ကာ မျက်နှာများနီရဲလာတာကြောင့် တေဇပို၍ပင်စလိုက်လေသည်
"အားးခင်ဗျားကြီးသေနေတာဘဲကောင်းတယ်.."
"ဟာ...တကယ်လား..ကိုယ်တကယ်သေပေးရမှာလား.."
တေဇရဲ့အသံမှာ တိုးညင်းသွားလေသည်
ပြီးတော့ တေဇ ယံလင်းကို မကြည်ဘဲ အပြင်ကိုသာကြည့်လိုက်လေသည်တေဇရဲ့အမူအရာကြောင့် ယံလင်း တေဇစိတ်ဆိုးသွားပြီဟုထင်ကာ မျက်ရည်တွေကျလာပြန်သည်
တေဇ ယံလင်းကို စိတ်ဆိုးချင်ယောင်ဆောင်ကာ ဘာစကားမှ မပြောဘဲ ပြတင်းပေါက်ကိုသာကြည့်နေလိုက်သည်
အချိန်အတော်ကြာသည်ထိ ဘာသံမှ ထွက်မလာတဲ့သူကြောင့် တေဇ ယံလင်းကိုကြည့်လိုက်လေသည်ခေါင်းလေးကိုအောက်ဆိုက်ကာ တရှုက်ရှုက်နဲ့ငိုနေသော သူ့ခလေးလေး
တေဇ စိတ်ပူသွားကာ ယံလင်းကိုလှမ်းခေါ်လိုက်လေသည်
"ခလေး...."
တေဇရဲ့အသံကြားမှ မျက်ရည်တွေနဲ့ ယံလင်းခေါင်းလေးထောင်လာသည်
"ဘာလို့ငိုနေတာလဲ..."
"ခင်ဗျားက ကျွန်တော့်ကို စိတ်ဆိုးနေတာကို..."
"ဟာ ခလေးကလည်းကိုယ်ကစတာကို....မငိုနဲ့တိတ်တော့..."
ထိုအခါမှ မျက်ရည်တွေကို သုတ်ကာ ပြုံးပြီး ကျွန်တော်ကကြည့်လာလေသည်
