part(18)Z+U

3.1K 228 8
                                    

အိမ်ကိုရောက်သည်နှင့် တေဇ ယံလင်းကိုပွေ့ကာ အခန်းထဲသို့သွားလေသည်

နဒီကတော့ ကားပေါ်ကနေဆင်းကာ နှုတ်မဆက်သွားတဲ့သူကို မျက်ရည်အဝိုင်းသားတွေနဲ့ကြည့်နေသည်

ချစ်ရသူရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ သူကိုတော့ နာကျည်းနေမိသည်

တေဇအခန်းထဲရောက်သည်နှင့် ယံလင်းကို အိပ်ရာပေါ်သို့တင်ကာ စောင်တွေအများကြီးလွှမ်းခြုံပေးလိုက်သည်

လက်ကိုင်ပဝါလေးကိုရေစွတ်ပြီး ယံလင်းနဖူးပေါ်ကို တင်ပေးလိုက်သည်

"ချမ်း..ချမ်းတယ်.."

ထွက်ပေါ်လာတဲ့ယံလင်းအသံကြောင့် တေဇ ယံလင်းကိုကြည့်လိုက်သည်

ဘေးကိုစောင်းလာပြီး တေဇအကျီကို လှမ်းဆွဲထားသည်

တေဇလည်း သူ့အကျီကိုဆွဲထားတဲ့ယံလင်းလက်တွေကို ဖြုတ်လိုက်ပြီး ယံလင်းဘေးလေးသို့ ဝင်လှဲလိုက်သည်

ယံလင်းကိုယ်လေးကို ဆွဲကာရင်ခွင်ထဲသို့ထည့်ထားပြီး အတင်းအကျပ်ဖက်ထားလိုက်သည်

ယံလင်းကတော့ ခလေးတစ်ယောက်အလား အိပ်မောကျနေသည်

**********

အဖြူရောင်လွင်ပြင်ကြီးတစ်ခု
ထိုလွင်ပြင်ထဲကိုတေဇ ရောက်နေလေသည်
အဖြူရောင်သလင်းပြင်ကြီးမှတစ်ပါး ဘာမှမတွေ့တာကြောင့် တေဇအရှေ့ကိုပြေးသွားလိုက်သည်
လမ်းတစ်လျှောက်လုံး အဖြူရောင်လွင်ပြင်ကြီးမှတစ်ပါး ဘာမှမတွေ့ရပေ
တေဇ ထပ်ပြေးလိုက်ကာ တစ်နေရာအရောက်တော့ ခြေလှမ်းတွေရပ်တန့်လိုက်သည်
ကျောက်တုံးကြီးတစ်တုံး ထိုကျောက်တုံးပေါ်တွင်တေဇကိုကျောပေးကာ ကောင်လေးတစ်ယောက်ထိုင်နေသည်
တေဇ မျက်နှာကိုမမြင်ရတာကြောင့် မည်သူမှန်းမသိချေ

ထိုကောင်လေးသည် တေဇဘက်သို့တဖြေးဖြေးလှည့်လာပြီး
တေဇကိုပြုံးပြနေသည်
မျက်လုံးလေးတွေက ဝိုင်းစက်နေပြီး ပျော်ရွှင်မှုတွေ ရော်ယှက်နေသည်
နှုတ်ခမ်းဖူးဖူးလေးက တေဇကိုပြုံးပြနေသည်မှာ မုန့်ရသည့်ခလေးတစ်ယောက်လို လှပစွာပြုံးနေသည်

တေဇ အရှေ့သို့ခြေလှမ်းတွေတိုးသွားပြီး

"ယံ...ယံလင်း..."

သက်ဆုံးတိုင်(complete)Where stories live. Discover now