"သားယံလင်း ဒီနေ့ သွားတွေ့ရမှာ လှလှလေးဝတ်သွားနော် "
"..........."
ဒီနေ့ ယံလင်းထက် စေ့စပ်ထားတဲ့သူနဲ့တွေ့ရမှာမို့လို့ မနက်ထဲက မျက်နှာဆူပုပ်ပုပ်ဖြင့် ဒေါ်သက်လင်းမေကို စကားမပြောပေ
ဒေါ်သက်လင်းမေစကားပြန်မပြောသော သားကြောင့် သက်ပြင်းသာအကြိမ်ကြိမ်ချနေမိတယ်
"အေး ယံလင်းထက် ငါပြောတဲ့အတိုင်းမလုပ်လို့ကတော့ နင့်ကိုအိမ်ပေါ်ကဆင်းခိုင်းမှာ ကြားလား"
"ကြားတယ် ကြားတယ် အားနေ အိမ်ပေါ်က ဆင်းခိုင်းမယ်ဆိုတဲ့စကားနဲ့ဘဲခြိမ်းခြောက်နေတယ် ဟွင့်"
ယံလင်း ဒေါ်သက်လင်းမေအား စူပုပ်ပုပ်ဖြင့်ပြောပြီး ခြေထောက်ကိုဆောင့်ကာ အပေါ်သို့တတ်သွားတော့သည်
ဒေါ်သက်လင်းမေမှာတော့ပြောမရတဲ့သားကြောင့် နောက်တစ်ကြိမ်သက်ပြင်းသာချလေသည်
*****************
တေဇ သူ့အရှေ့ကကောင်လေးကိုကြည့်နေသည်မှာ ကြာနေပြီဖြစ်သည်
ရောက်ကတည်းက ခင်ဗျားကြီးကတေဇမင်းမောင်လားဆိုပြီးလာမေးသည်
ဟုတ်တယ်လည်းဆိုရော် ခုံမှာဝင်ထိုင်ကာမုန့်တွေမှာပြီးစားနေတာဖြင့်များ
မေးကြည့်ချင်တယ် ကျွန်တော်ရှိတယ်ဆိုတာကိုကောသတိရရဲ့လား
မုန့်တွေကိုပါးစပ်နဲ့မဆန့်အောင်အပြည့်ထည့်ထားတာပါးနှစ်ဖက်ကိုဖောင်းလို့
ဒါတောင် လက်နှစ်ဖက်ကနောက်ထပ်ပါးစပ်ထဲထည့်မဲ့မုန့်ကိုကိုင်ထားသေးတယ်
ဝတ်လာတဲ့အဝတ်အစားကိုကောကြည့်ဦး
အောက်ကဂျင်းဘောင်းဘီနဲ့ အပေါျကအကြီိကခပျပှပှ သူ့ကိုယ်သူ ၅နှစ်သားများမှတ်နေလား
အစထဲကမလာချင်ပါဘူးလို့ပြောနေတာကို အမေကသွားပါဆိုလို့အတင်းသာသွားရတာ စိတ်ကမပါပေ
မိုးရွာနေတဲ့အပြင်ကို စားသောက်ဆိုင်ရဲ့ပြတင်းပေါက်မှန်ကနေကြည့်ပြီး သက်ပြင်းသာ ချနေမိတယ်
"အဟင့် အဟင့်..."
ချောင်းဆိုးသံကြောင့်တေဇလှည့်ကြည့်မိတော့ ထိုကောင်လေးကသူ့အားမျက်လုံးလေးအဝိုင်းသာဖြင့်ကြောင်ကြည့်နေတယ်
