Part(22)U+Z

3.1K 243 21
                                    

"ဆရာ.... ဆရာ...အဆင်ပြေလား.."

အခန်းထဲမှ ဆရာဝန်ထွက်လာသည်ကိုမြင်သည်နှင့် တေဇခုံမှအပြေးအလွှာထကာ မေးလေသည်

"အဆင်ပြေပါတယ်..နောက်ခါဒီလိုမဖြစ်ပါစေနဲ့..နောက်ခါဖြစ်ရင်မကယ်နိုင်တော့ဘူး...."

ဆရာဝန်ပြောတဲ့စကားကို တေဇခေါင်းတစ်ချက်သာငြိမ့်ပြပြီး ယံလင်းဆီသို့သွားလေသည်

အိပ်ရာထဲတွင် အပူအပင်ကင်းစွာအိပ်ပျော်နေတဲ့ခလေးလေးကိုကြည့်ကာ တေဇမျက်ရည်တွေကျလာပြန်သည်

"တောင်း...တောင်းပန်ပါတယ်...ကိုယ်အသုံးမကျခဲ့ဘူး..."

ယံလင်းလက်လေးကိုကိုင်ကာ တေဇရှိုက်ကြီးတစ်ငင်ငိုကာ တောင်းပန်လေသည်

***********

ဒီနေ့နဲ့ဆို ယံလင်းသတိပြန်မရသေးတာ ၅ရက်ခန့်ရှိပြီ
နိုးဖို့နေနေသာသာ တုတ်တုတ်ပင်မလှုပ်ပေ

"ဒေါက်.. ဒေါက်..."

အခန်းတံခါးကိုခေါက်ကာ ဝင်လာသောနဒီ

"မောင်..နဒီလာလို့ရမလား..."

တံခါးခေါက်သံကြောင့် တေဇ အိပ်နေရာမှနိုးလာကာ ပွင့်လာတဲ့တံခါးကိုကြည့်လိုက်တော့ နဒီ

"ဘာလာလုပ္တာလဲ..."

တေဇရဲ့အသံသည် မာကျောမှုမရှိသော်လည်း နူးညံမှုလည်းမရှိပေ
နဒီနဲ့စကားပြောတိုင်းနူးညံတတ်သည့်တေဇအသံတွေက ဒီတစ်ခါတော့ အေးစက်နေသည်

"ယံလင်း...နေကောင်းလားလာကြည့်တာ..."

"အပြင်ထွက်မယ်..."

တေဇ နဒီ့လက်ကိုဆွဲခေါ်ကာ အခန်းအပြင်သို့ထွက်သွားလေသည်

အိပ်ရာထက်က ယံလင်းလက်တွေကတော့ တစ်ချောင်းချင်းစီဖြေးဖြေးလေး လှုပ်လာသည်ကိုတော့ တေဇမမြင်ခဲ့ပေ

"မောင်...လွှတ်ဦး..."

နဒီ့အသံကြောင့် တေဇဆွဲထားတဲ့လက်တွေကိုလွှတ်လိုက်ပြီး အပြင်ကိုလက်ညိုးထိုးကာ

"ပြန်တော့...ပြန်တော့လို့..."

တေဇ အော်သံကြောင့် နဒီ့မျက်လုံးတွေဝိုင်းစက်သွားပြီး မျက်ရည်တွေဝဲသွားသည်
သေချာတာပေါ့ တေဇဆိုသူက နဒီ့အားအော်ဖို့နေနေသာသာ အသံမာမာနဲ့သာပြောဖူးသည်မဟုက်

သက္ဆံုးတိုင္(complete)Where stories live. Discover now