မနက်ခင်းနေရောင်ခြည်လေးက ပြတင်းပေါက်မှတစ်ဆင့် ယံလင်းမျက်နှာလေးပေါ်သို့ဖြာထွက်နေသည်
"အား...."
ယံလင်းအိပ်ရာမှနိုးလာပြီး နာကျင်မှုကြောင့် အော်ညီးနေမိသည်
မျက်လုံးတွေကို ဖွင့်ကာ ထရန်ပြုတော့
"အာ့..."
ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရသလို နာကျင်တာကြောင့် အိပ်ရာသို့ပြန်လဲကျသွားရသည်
ဘေးဘီကိုဝဲကြည့်တော့လည်း တေဇရဲ့အရိပ်အယောင်ပင်မတွေ့ရပေ
ညကအကြောင်း စဉ်းစားလေ ဝမ်းနည်းမှု့တွေကစို့တတ်လာတာကြောင့်
မျက်နှာကိုသာ လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်ထို့နောက်မနည်းအားယူကာ ထပြီးမှရေချိုးခန်းသို့ဝင်သွားလိုက်သည်
*******
"အစ်ကိုလေးယံ မနက်စာရပါပြီ"
ယံလင်း အောက်ထပ်ရောက်သည်နှင့် အိမ်တော်ထိန်းဦးနုကြီးက မနက်စာစားရန်လှမ်းခေါ်လေသည်
ယံလင်းလည်း ခုံတွင်ဝင်ထိုင်လိုက်သည်
မျက်လုံးကတော့ တစ်စုံတစ်ယောက်ကို လိုက်ရှာနေမိသည်"ဟို..ဟိုလေ..ဦးနု..သူကောဟင်"
"သူ??..အော်..အစ်ကိုလေးတေဇ ကမနက်ထဲက အပြင်ထွက်သွားပါတယ်"
ယံလင်းလည်း ဦးနုစကားကြောင့် ဘာမှထပ်မမေးတော့ဘဲ မနက်စာသာ စားနေတော့သည်
"အစ်ကိုလေးတေဇက နေ့လည်ရေချိုးအဝတ်အစားလဲထားပါတဲ့ အပြင်သွားစရာရှိပါတယ်တဲ့"
အပြင်မှ အိမ်ထဲသို့ဝင်လာကာ ပြောသော ကားသမား ကိုမောင်ကြောင့် ယံလင်းနည်းနည်းတော့အံသြမိတယ်
ယံလင်း
ညကကိစ္စဖြစ်ထားတာကြောင့် တောင်းပန်ဖို့လား အင်း...သူတောင်းပန်တဲ့အခါကြရင် နည်းနည်းလောက်မူပြီး ချွဲရမယ် ဟုတ်တယ် ခွင့်လွှတ်လို့မရသေးဘူး ဟီးဟီး...ယံလင်းကတော့ တေဇနဲ့အတူ နေ့လည်စာသွားစားရမှာကြောင့် အတွေးတွေနဲ့တင်ပြုံးနေမိတယ်
"........."
ယံလင်းခေါင်းကိုမော့ကြည့်တော့ နားရွက်တတ်ချိတ်မတက်ပြုံးပြီးကြည့်နေတဲ့ ဦးနုကြောင့် ရှက်လာသဖြင့်အိမ်ပေါ်သို့သာပြေးတတ်သွားလိုက်သည်
