"ဆရာ ဆရာ့ကားအဆင်သင့်ဖြစ်ပါပြီ သွားလို့ရပါပြီ"
ဝန်းထမ်းကောင်လေးရဲ့စကားကြောင့် တေဇ ချက်ခြင်းပင်ထကာ ယံလင်းကိုသွားကြိုရန်ထွက်သွားတော့သည်
"မောင် နဒီပြန်လာပြီ"
တံခါးပေါက်သို့ ထွက်ထွက်ခြင်း ထွက်ပေါ်လာသော အသံချိုချိုလေး
"နဒီ ယွန်းနဒီ "
တေဇ အံသြစွာဖြင့်နဒီအားစိုက်ကြည့်နေမိသည်
နဒီကတော့ တေဇကိုပြေးဖက်လိုက်ပြီး
"လွမ်းနေခဲ့တာ အရမ်းကို"
"အော်..အေး ဖယ်ဦး နဒီ"
တေဇ ပြေးဖက်လာသော နဒီ့အမူအရာကြောင့်အနှောင့်အယှက်ဖြစ်လာသဖြင့် နဒီ့လက်တွေကိုဖယ်ရန်ကြိုးစားနေသည်
နဒီ
တေဇ exများတွင် တေဇအကျြိက်ဆုံးတစ်ယောက်ဖြစ်သည်"လက်ထပ်လိုက်ပြီ ကြားတယ် "
"Aww..om ဟုတ်တယ်"
တေဇရဲ့အပြောကြောင့် နဒီမျက်နှာတစ်ချက်ညိုးသွားသည်
ချက်ခြင်းဆိုသလိုပင် နဒီအချိုသာဆုံးပြန်ပြုံးကာ"အားရင် တစ်ခုခုသွားစားရအောင်"
တေဇ ယံလင်းကိုကြိုရဦးမည် ဖြစ်သော်လည်း ခုမှနိုင်ငံခြားကပြန်လာသော နဒီ့ကိုအားနား၍ လိုက်ရန်ဆုံးဖြတ်လိုက်သည်
ကျန်ပါသေးတယ် တစ်နာရီကျန်သေးတာဘဲ ယံလင်းကျောင်းဆင်းဖို့အချိန်ကျန်သေးသည်ထို့နောက် တေဇနဲ့နဒီတို့ နီးစပ်ရာစားသောက်ဆိုင်လေးဆီသို့
ဆိုင်ထဲဝင်သည်နှင့် နှစ်ယောက်စားစားပွဲခုံလေးတွင်ဝင်ထိုင်လိုက်ပြီး
"ဒီဆိုင်က အရမ်းစားကောင်းတာဘဲနော် မှတ်မိသေးတယ် အရင်ကအကြောင်းတွေ"
နဒီကစ၍ အရင်အကြောင်းတွေပြန်စလာတာကြောင့် တေဇလည်းအားနာနာနဲ့နားထောင်နေမိသည်
"ငါနောက်ကျသွားတယ် စောစောပြန်လာခဲ့ရရင်ကောင်းသားနော်"
နဒီ့ရဲ့အမှတ်မထင်စကားကြောင့် တေဇ ကြောင်အမ်းကာ
"ဘာဖြစ်လို့လဲ"
နဒီ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်ကာ
"အော်..နင့်လက်ထပ်ပွဲတတ်လို့ရတာပေါ့"
"Aww..."
တေဇကတော့ အော် တစ်လုံးတည်းဖြင့်သာ
"ငါသွားတော့မယ်"
တေဇ ယံလင်းကိုသွားကြိုရဦးမယ် ဒီချိန်ဆို ကျောင်းဆင်းနေပြီဖြစ်တာကြောင့် ယံလင်းသူ့ကိုစောင့်နေတော့မည်ဖြစ်တာကြောင့်တေဇ နဒီနဲ့စကားစဖြတ်ကာ ထ ထွက်သွားရန်ပြင်လေသည်
"အကြောင်းရှိလို့လား"
"Om သူ့ကိုသွားကြိုရဦးမယ်"
"သူ"
နဒီ တေဇရဲ့စကားကိုသံယောင်လိုက်ကာပြောလိုက်ပြီး
ခဏမျှတွေဝေသွားပြီး တစ်ခုခုကိုစဉ်းစားနေမိသည်"အား..မူးလိုက်တာ"
နဒီ ခုံမှထလာကာ လဲကျတော့မလိုဖြစ်တာကြောင့် တေဇအမြန်လှမ်းဆွဲရင်း
"နဒီ ရရဲ့လား အဆင်ပြေလား"
"ငါ ငါ ခေါင်းအရမ်းမူးတယ်"
"ဟုတ်လား ဆေးရုံသွားကြတာပေါ့"
တေဇ လည်းနဒီကိုတွဲခေါ်ကာဆေးရုံသို့သွားကြသည်
ဆေးရုံသို့အရောက်
တစ်နာရီခွဲတောင်ရှိပြီ တေဇဆေးရုံရောက်နေတာ
(6)နာရီထိုးနေပြီဖြစ်သည်
တေဇ အတွေးထဲတွင်တော့ ဒီချိန်ဆို ယံလင်းအိမ်ပြန်ရောက်နေပြီဖြစ်သည်ဟုသာဒေါက်တာထွက်လာကာ နဒီစိုးရိမ်စရာမရှိတော့ဟုဆိုတော့မှ နဒီ့ကိုခေါ်ကာ အိမ်သို့ပြန်ပို့ပေးပြီး ကိုယ့်အိမ်ကိုသာပြန်တော့သည်
သိုပေမဲ့ တေဇစိတ်ဆိုးနေသလိုပင် သူကိုယ်တိုင်ဘာကိုစိတ်တိုနေသည်ကိုမပြောတတ်ပေ
*******
"တီ...တီ.."
ကားဟွန်းသံနှင့်အတူ အရှိန်ပြင်းစွာနဲ့ဝင်လာတဲ့အနက်ရောင်ကားလေး
အိမ်ရှေ့သို့ထွက်ကာ ဦးနုလည်းတေဇအားထွက်ကြိုနေသည်
"အစ်ကိုလေး ပြန်လာပြီလား"
တေဇကားပေါ်ကဆင်းသည်နှင့် ထွက်ပေါ်လာသောဦးနုရဲ့အသံ
"Om..."
တေဇကတော့ထိုမျှသာပြောပြီးအိမ်ပေါ်သို့တတ်ရန်ပြင်လေသည်
အိမ်ပေါ်တွင်သူ့ကိုစိတ်ဆိုးပြီးပြဿနာရှာမဲ့သူလေးကို ရှင်းပြရဦးမည်အိမ်ပေါ်သို့တတ်ရန်ပြင်နေသော တေဇသည် ဦးနုရဲ့စကားများကြောင့် ခြေလှမ်းများရပ်တန့်သွားလေသည်
"အစ်ကိုလေးယံ မပါဘူးလား"
ဦးနုရဲ့စကားကြောင့်တေဇ ကျယ်လောင်စွာဖြင့်
"ဘာ....သူပြန်မလာသေးဘူးလား"
-------------------------------------------------
