"အင်း..."
ယံလင်း လက်နှစ်ဖက်ကိုဆန့်ပြီး အကျယ်ကြီးသန်းကာ မျက်လုံးများပွင့်လာသည်
"အား.."
နိုးနိုးချင်း မြင်လိုက်ရတဲ့ မျက်နှာကြောင့် ယံလင်းအလန့်တကြားအော်လိုက်မိသည်
တေဇ ယံလင်းကို ငုန့်ကြည့်နေတာကြောင့်ပင်
ယံလင်းထလိုက်ပြီး
"ဘာ..ဘာလုပ်နေတာလဲ ဒီမှာ.."
ရှက်ကိုး ရှက်ကန်းနဲ့ပါးလေးတွေနီနေတဲ့ ခလေးလေးရဲ့ကိုယ်ကိုဆွဲပွေ့လိုက်ပြီး
"ကိုယ့်ခလေးလေးကိုကြည့်နေတာ အရမ်းအရမ်းချစ်ဖို့ကောင်းနေလို့..မွ"
ပြောရင်းနဲ့ ယံလင်းရဲ့ ပါးလေးကိုနမ်းလိုက်တာကြောင့် ရှက်သွားပြီး ခေါင်းလေးပိုလို့ပင်ငုန့်သွားသေးသည်
ထို့နာက် တေဇရဲ့ ရင်ခွင်ကြီးထဲ ခေါင်းလေးမှီရင်း
"မနေ့က ကျွန်တော်ဆီဘယ်လိုလုပ်ရောက်လာတာလဲ..."
ယံလင်းရဲ့မေးခွန်းကြောင့် တေဇပြုံးလိုက်ပြီး
"ခလေးကိုစိတ်ပူလို့ပေါ့ မနေ့ကခလေးမသိအောင်ခလေးနောက်ကို ကိုယ်တစ်ချိန်လုံးလိုက်နေတာ .."
"အာ တကယ်လား.."
ရင်ခွင်ထဲကနေ ခေါင်းလေးထောင်ကာ မေးလာတဲ့ခလေးလေးကြောင့် တေဇပြုံးပြီးသာ ခေါင်းငြိမ့်လိုက်သည်
ရုတ်တရက်ဆိုသလိုပင် မျက်နှာချက်ခြင်းတည်သွားပြီး"မနေ့က ခလေးနဲ့စကားပြောနေတဲ့ မိန်းကလေးကဘယ်သူလဲ တစ်ချိန်လုံးသူနဲ့နေပြီး ရယ်မောနေတာ အမြင်ကပ်စရာကြီး.."
မျက်နှာကြီးကြုတ်ကာ ရန်ရှာနေတဲ့ တေဇရဲ့မျက်နှာကို ယံလင်းလက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီး
"မှန်းစမ်း...သဝန်တိုနေတာလား..."
"တိုတာပေါ့ အဲ့နေ့ကဒေါသတွေထိန်းထားလို့ မဟုက်ရင် သူ့မျက်နှာကို ဆွဲပြီး ပါးတွေကြီးလှိမ့်ချပစ်ချင်တာ..."
"အား....ကြောက်လိုက်တာ.."
ပြောရင်းနဲ့ တေဇရဲ့ ရင်ခွင်ထဲသို့ ယံလင်းခေါင်းလေးပြန်မှီလိုက်သည်
