တေဇ ဦးနုပြောလာမဲ့စကားကိုပင် နားမထောင်တော့ဘဲ
အနက်ရောင်ပြိုင်ကားလေးထဲပြေးဝင်ပြီး ခြံဝန်းထဲမှ အရှိန်ုပြင်းစွာ မောင်းထွက်သွားလေသည်
ကျောင်ရှေ့သို့ရောက်လာပြီး ကားပေါ်မှဆင်းကာ ယံလင်းကိုရှာနေမိတယ်
အုတ်ခုံလေးပေါ်မှာ ဒူးလေးနှစ်ဖက်ကို ဖက်လျှက် လဲကျနေသော ယံလင်းကိုတွေ့ပြီး တေဇ သွေးတွေပြောင်းပြန်လည်သွားသလိုပင်
ယံလင်းအနားကိုသွားကာ ကိုယ်လေးကိုမပြီး ရင်ခွင်ထဲထည့်ထားမိတယ်
လက်ဖြင့်ပါးလေးနှစ်ဖက်ကိုကိုင်ကာ အော်ခေါ်နေမိသည်
"ယံလင်းထက် ထဦး ယံလင်း"
မျက်လုံးလေးတွေကိုဖြေးဖြေးချင်းဖွင့်လာပြီး တေဇကိုကြည့်၍ တစ်ချက်ပြုံးပြလာကာ
"လာပြီလား..စောင့်နေတာ"
ထိုသို့ပြောပြီး တစ်ဖန်မေ့မြောသွားသောကောင်လေးကိုပွေ့ကာ ကားဆီသို့ပြေးသွားလိုက်သည်
ဆေးရုံကိုရောက်တော့
အချိန်အတော်ကြာသည်ထိ ဆရာဝန်များ ထွက်မလာသေးပေ
တေဇ စိတ်ပူခြင်းများစွာဖြင့်သာ ထိုင်စောင့်နေမိသည်
မီနစ်အနည်းငယ်ကြာမှ ဆရာဝန်ထွက်လာကာစိုးရိမ်စရာမရှိတော့ဘူးဟုဆိုမှ တေဇ သက်ပြင်းချမိသည်
ထို့နောက် အခန်းထဲဝင်သွားပြီး ခုတင်ဘေးကခုံလေးမှာဝင်ထိုင်ကာ ယံလင်းအားကြည့်နေမိသည်
နှာတံလေးနီရဲနေသည်ကို ကြည့်ခြင်းဖြင့်ယံလင်းငိုထားသည်ကိုတေဇသိပေသည်
တစ်စိတ်ရှိ ဒေါသထွက် အော်ပြောလိုက် အော်ငိုလိုက် ဂရုမစိုက်တတ်တဲ့သူက အကြာကြီးစောင့်နေတာတဲ့လားစောင်လေးကို ရင်ဘက်ပိုင်းပေါ်ထိ ခြုံပေးလိုက်ပြီး ယံလင်းအားစောင့်ကြည့်နေမိသည်
အိပ်ပျော်နေသည်မှာ ကလေးလေးတစ်ယောက်အလား တကယ်ကိုချစ်ဖို့ကောင်းသည်
အချိန်အတော်ကြာမှ တေဇလည်းအိပ်စက်ခြင်းဆီသို့
********
