ယံလင်းအားယူကာ သူ့ရဲ့မျက်လုံးအစုံကိုဖွင့်လိုက်လေသည်
ခန္ဓာကိုယ်တစ်ခုလုံးလည်း တုတ်တုတ်ပင်မလှုပ်နိုင်အောင် ကြိုးတွေဖြင့်တုတ်ခံထားရသေးသည်ယံလင်း အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
လူစိမ်းသုံးယောက်ရယ် ခုံပေါ်မှာ အခန့်သားထိုင်နေသော နဒီကိုတွေ့လေသည်
ထို့နောက် နဒီခုံပေါ်မှ ထကာ သူ့ဆီရောက်လာလေသည်
"နိုးပြီလား....နိုးပြီဆိုတော့ နင့်ကို သတ်လို့ရပြီပေါ့.."
"နင်...ငါ့ကိုလွှတ်ပေး..."
"ဟားဟား.."
ိနဒီ့ရယ်သံသည် ဂိုထောင်အတွင်းမှ ကျယ်လောင်စွာထွက်ပေါ်လာလေသည်
"နင့်ကို ငါကဘာလို့လွှတ်ပေးရမှာလဲ..သတ်ဖို့ခေါ်လာတာလေ.."
"နင်နဲ့ငါဘာမှ ပတ်သတ်စရာမရှိဘူး အမှန်တကယ် ငါကသာ နင့်ကို မုန်းရမှာလေ..."
".."
နဒီ မဲ့ပြုံးတစ်ချက်ပြုံးကာ ယံလင်းကို ကြည့်လိုက်ပြီး
"ဟင့်အင်း...ငါကနင့်ကိုမုန်းရမှာ...နင်က ငါမရတဲ့အရာတစ်ခုကိုတောင်ရခဲ့တယ်လေ..အာ့ကြောင့်ငါနင့်ကို မုန်းတယ်...."
"ဘာရခဲ့တာလဲ.."
နဒီ ယံလင်းကို အချိန်အတော်ကြာစိုက်ကြည့်နေလေသည်
ယံလင်း မြင်ရတယ် သူမမျက်ဝန်းထဲက မျက်ရည်စလေးတွေကို
ထို့နောက် နဒီ ယံလင်းရဲ့လည်ပင်းကိုဆုပ်ကိုင်လိုက်ပြီး"တေဇရဲ့အချစ်ကိုလေ..."
"ဘာ...ဘာ..ကို..ပြော...ချင်...တာ..လဲ..."
နဒီ လည်ပင်းညစ်ထားတာကြောင့် ယံလင်းစကားပင်အနိုင်နိုင်ပြောနေရပေသည်
ထိုအခါ နဒီ ယံလင်းလည်ပင်းက သူ့လက်တွေကို ဖယ်လိုက်ပြီး ယံလင်းကိုစိုက်ကြည့်ကာ
"ကောင်းပြီလေ...နင်ကသေတော့မှာဆိုတော့ ငါကအမှန်တရားကိုပြောပြရတော့မှာပေါ့..."
"အမှန်တရား.."
ယံလင်း နဒီ့စကားကို သံယောင်လိုက်ကာ ပြောလိုက်လေသည်