"ဟျောင့် ယံလင်းထက် လာ လာ"ယံလင်း ကျောင်းထဲရောက်သည်နဲ့လှမ်းခေါ်သောမျိုးအောင်နဲ့ကျော်လွင်
"ဟျောင့် မင်းယောကျာ်းကချောတယ်နော် ငါတို့တောင်ယောကျာ်းယူချင်သွားပြီ"
"ယူလေ ဘာလုပ်ရမှာလဲ"
ယံလင်းကတော့ ဂရုမစိုက်ဟန်ဖြင့်ပြန်ဖြေလေသည်
"အေးပေါ့ မင်းတို့က ကားပေါ်ကဆင်းခန်နီးတောင် အလွမ်းသယ်နေတာကို"
"မင်း..မင်းတို့ဘာကိုပြောတာလဲ"
ယံလင်း နားမလည်စွာဖြင့်မေးနေသည်
"ဟား.ဟား...မသိချင်ယောင်မဆောင်နဲ့ မင်းတို့ခုနက ကားပေါ်မှာရှိနေတာ ငါတို့တွေ့တယ်"
ကျော်လွင်နဲ့မျိုးမင်တို့ကတော့ ရယ်ရင်းနဲ့ ယံလင်းအားစနောက်နေသည်
ယံလင်းကတော့ နားတွေနီလာပြီး
"မဟုတ် မဟုတ္ဘူး ငါတို့ စကားပြောနေကြတာ"
"ဟား.ဟား..ငါတို့ကောင်ကြီးရှက်နေပြီ"
"မင်းတို့ မစနဲ့တော့"
ယံလင်းကျယ်လောင်စွာဖြင့်အော်လိုက်တာကြောင့်
မျိုးမင်းနဲ့ကျော်လွင်တို့ဆက်မပြောတော့ချေ
"အတန်းထဲသွားကြမယ်"
ယံလင်းကပြောပြီးခေါ်သွားတာကြောင့် မျိုးမင်းနဲ့ကျော်လွင်တို့လည်း လိုက်သွားရသည်
သူတို့သုံးယောက် အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာပင် ဆရာမေရာက္လာကာ စာသင်ခြင်းဆီသို့.....
***********
"ဟျောင့်တို့ ဘာစားကြမှာလဲ"
ယံလင်းတို့နေ့လည်စာ စားရန် ကန်တင်းသို့ရောက်နေခြင်း ဖြစ်သည်
"ထမင်းကြော် "
မျိုးမင်းကစမှာလိုက်တာကြောင့် ကျန်တဲ့နှစ်ယောက်လည်း ထမင်းကြော်ဘဲလိုက်မှာလိုက်ကြသည်
"ထမင်းကြော် သုံးပွဲပေးပါ"
"ဟျောင့် ယံလင်းထက် မင်း... မင်းဘဲကြီးကိုချစ်နေပြီလား"
