"တီ..တီ.."
ကားဟွန်းသံနှင့်အတူ ခြံဝန်းထဲသို့ဝင်လာသော အနက်ရောင်ကားလေး
ဦးနုနှင့်အိမ်ပေါ်တွေကလည်း အပြင်ကိုထွက်နေပြီး အသင့်စောင့်ကြိုနေကြသည်
"သခင်လေးတို့ ရောက်ပြီလား.."
ဦးနုကတော့ ရှေ့ဆုံးကနေပြီး ထွက်ကြိုလိုက်သည်
"Omm.."
တေဇ ဦးနုနှင့်အိမ်ပေါ်တွေကိုမကြည့်ဘဲ တစ်ခွန်းသာပြောပြီး ယံလင်းလက်ကိုဆွဲကာ အပေါ်သို့တတ်သွားသည်
အခန်းထဲရောက်တော့ ယံလင်းကမနေနိုင်တော့ဘဲ
"လွှတ်...လွှတ်ဦး..."
ယံလင်းအသံကြောင့်တေဇ ယံလင်းဘက်ကိုလှည့်လာကာ
"နဒီနဲ့ဝေးဝေးနေ..."
တေဇရဲ့အေးစက်စက်အသံကြီးကထွက်ပေါ်လာပြန်သည်
"ကျွန်တော့်ကိုပြောတာလား..."
ယံလင်း လက်ညိုးလေးဖြင့် ကိုယ့်ကိုယ်ကို ထိုးကာ မျက်လုံးလေးအဝိုင်းသားဖြင့် မေးလေသည်
"မင်းမဟုက်လို့..ဘယ်သူရှိရမှာလဲ..."
ယံလင်း တေဇကို မျက်စောင်းတစ်ချက်ပစ်ထိုးပြီး
"ခင်ဗျားကြီးသာ သူနဲ့ဝေးဝေးနေ..မကြိုက်ဘူး.."
"......"
ယံလင်းစကားကြောင့် တေဇစွံအမိသည်
"မနာလိုလို့လား..ငါ့ကို.."
တေဇစကားကြောင့် ယံလင်းခေါင်းလေးအောက်စိုက်သွားပြီး မျက်ရည်လေးတွေဝဲတတ်လာတယ်
"မဟုက်..မဟုက္ဘူး.."
တေဇ ယံလင်းခေါင်းကိုအတင်းမော့စေပြီး တည့်တည့်ကြည့်လိုက်သည်
"သူ့ကို အဲ့လောက်တောင် ခ်စ္လား.."
တေဇရဲ့စကားကြောင့် ယံလင်းရင်ဘက်လေးအောင့်တတ်ကာ မျက်ရည်တွေကျလာမိသည်
ကိုယ့်အရှေ့မှာ သူများကြောင့် ခံစားနေရတဲ့ ယံလင်းရဲ့မျက်နှာကို တေဇမမြင်ချင်တော့ပေ
"တောက်!!!.."
အားပါပါနဲ့တောက် တစ်ချက်ဟုသာ တောက်ပြီး အခန်းအပြင်ကို ထွက်သွားတော့သည်
