"ယံ...."
တေဇ အသံတိုးတိုးလေးထွက်ပေါ်လာသည်
ယံလင်းကတော့ တေဇကိုနဂါးမျက်စောင်းတွေနဲ့ကြည့်နေသည်
မျက်ဝန်းတောင့်လေးတွေလည်းနီရဲလျှက်ပင်"အဲ့ ဓာတ်ပုံထဲကကိစ္စရှင်း "
တေဇ ယံလင်းပေးတဲ့ ဓာတ်ပုံကိုကောက်ယူကာကြည့်တော့
ဓာတ်ပုံထဲမှာ တေဇနဲ့ နဒီဖက်ထားတဲ့ပုံလေး"ယံ အဲ့တာကကြာခဲ့ပါပြီ"
"အော်...ကြာပြီတဲ့လား...ကြာတာတောင်သိမ်းထားဆဲဆိုတော့...."
ယံလင်းစကားဆက်မပြောတော့ဘဲ ကျလာတဲ့မျက်ရည်တွေကိုသုတ်လိုက်သည်
"ဟူး ကိုယ့်သိက္ခာကိုမစော်ကားပါနဲ့ယံ..."
တေဇ သက်ပြင်းချကာ ယံ့ကိုပြောလိုက်လေသည်
"အမှန်တရားဘဲလေ အနာပေါ်တုတ်ကျလို့နာတာလား"
"ယံလင်းထက်...."
တေဇရဲ့အော်သံသည် စာကြည့်ခန်းထဲမှကျယ်လောင်စွာထွက်ပေါ်လာသည်
တေဇရဲ့အော်သံကြောင့် ယံလင်းမျက်ရည်တွေကျလာပြန်သည်
ယံလင်းနေပြန်ကောင်းလာထဲက တေဇ ယံလင်းကိုအသံမာမာနဲ့မပြောဖူးခဲ့သလို နာမည်အပြည့်အစုံတောင်ခေါ်ခဲ့ဖူးတာမဟုက်ပေ*အဲ့မိန်းမ ဘာမို့လို့လဲ သူအကြောင်းလေးပြောတာနဲ့ဒေါသထွက်ရအောင် ငါကကော ငါ့ကိုတကယ်မချစ်ဘူးပေါ့ သူကသူ့ဟာမကိုမမေ့နိုင်သေးဘူးပေါ့..*
ယံလင်းစဉ်းစားရင်းစဉ်းစားရင်း မျက်ရည်တွေကျလာပြန်သည်
တေဇကတာ့လက်သီးကိုစုပ်ထားလျှက် ယံလင်းကိုကြည့်နေသည်
"ဘာလဲ....ဘာလုပ်ချင်လို့လဲ..."
"တော်တော့ ယံလင်း တော်တော့.."
*သူ့ဟာမကိုထိတော့နာတယ်ပေါ့...*
"ဒီမှာ.. ခင်ဗျားကြီးကကြည့်တော့ မခုတ်တတ်တဲ့ကြောင်ပုံစံနဲ့ တကယ်တမ်းတော့ ခင်ဗျားက မိန်းမမြင်ရင် အမှီးတန်းလန်းတန်းလန်းနဲ့ မနေနိုင်တဲ့ ခွေးလိုဘဲ..."
"ဘာပြောတယ် ယံလင်းထက်."
"ခွပ်.."
တေဇ ယံလင်းကို အော်ရင်းနဲ့နံရံကိုလက်သီးနဲ့ထိုးလိုက်လေသည်
ယံလင်းကတော့ မျက်ရည်တွေပိုကျလာဆဲဘဲ
