သက်ဆုံးတိုင်(Extra)
ယံလင်း လက်လေးနှစ်ဖက်ကို မျက်နှာကို အုပ်ကာ တစ်ရှိုက်ရှိုက်ငိုနေလေသည်
ဘေးကလူတွေကတော့ အတင်းအဖျဉ်းတွေ ဆက်ပြောနေကြတုန်းပင်
"ဂျိမ်း..."
မီးပျက်သွားတာကြောင့် အခန်းတစ်ခုလုံးမှောင်မည်းလို့နေသည်
ယံလင်း မျက်ရည်တွေသုတ်ကာ ဘေးကခုံကို အားယူကာထလိုက်လေသည်
မှောင်မည်းနေတာကြောင့် ဘယ်မှလည်းသွားလို့အဆင်မပြေဘဲထိုနေရာမှသာ ရပ်နေလိုက်သည်ထိုစဉ် အပေါက်ဝတံခါးမှ ပွင့်လာသော မီးရောင်စုံတန်းလေး
ထိုအပေါက်ဝကနေကောင်မလေးခုနှစ်ယောက်ဝင်လာကာ ကနေလေသည်ယံလင်း သေသေချာချာသူတို့ကိုကြည့်နေမိသည်
"ချီးဘဲ စိတ်ညစ်နေရတဲ့ ကြားထဲ ဘာတွေလာကပြနေမှန်းမသိဘူး.."
သီချင်းသံ တေးသွားလေးနဲ့ အညီ နှင်းဆီပန်းတစ်ယောက်တစ်ပွင့်ကိုင်ကာ လှပစွာကနေကြသော လူများမှာ အများမြင်သူအဖို့ နှစ်သက်စေသည်
သီချင်းသံလေးပြီးသွားတော့ ထိုကနေတဲ့ကောင်မလေးခုနှစ်ယောက်လုံးလည်းရပ်လိုက်လေသည်
ထို့နောက် ယံလင်းရှိရာသို့ တရွေ့ရွေ့လာကာ သူတို့လက်ထဲက နှင်းဆီပန်းအနီလေးတွေကို ယံလင်းလက်ထဲသို့ ထည့်ပေးပြီး ဘေးမှာရပ်နေကြသည်ယံလင်း ကြောင်သွားကာမေးဖို့ရှိသေး မီးကပြန်ပွင့်လာလေသည်
"ဂျိမ်း.."
ဒီတစ်ခါတော့ ပထမတစ်ခါနှင့် မတူတော့ပေ
အခန်းထဲမှာ ရှိတဲ့ လူတွေအကုန်လုံးရဲ့ လက်ထဲမှာ နှင်းဆီပန်းအနီ တစ်ပွင့်စီကိုင်ထားကြသည်ထိုလူတွေတစ်ယောက်ပြီးတစ်ယောက် ယံလင်းလက်ထဲသို့ နှင်းဆီပန်းအနီလေးတွေ လာပေးကြသည်
ကျွန်တော့်ရှေ့ကလူ မင်းခကတော့ နှင်းဆီပန်းအနီပန်းစည်းကြီးကို ကိုင်ကာ ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်
ပန်းစည်းကြီးက ကြီးလွန်းတာကြောင့် ကျွန်တော့်အထင် နှစ်ဆီပန်းအပွင့်တစ်ထောင်လောက်ရှိမယ်
