❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

271 27 2
                                    

ပုံပြင်မဟုတ်တဲ့ အချစ်တစ်ခု❤️🖤

အပိုင်း(၅)

"မင်း”

Perthကိုဖမ်းပွေ့ထားတဲ့..... လူရှုပ်ကောင်ရဲ့
မျက်နှာကိုမော့ကြည့်နေမိပြီး.... Perthဘာမှ
မပြောနိုင်ဖြစ်သွားရသည်။ကျောဘက်ကနေသိုင်း
ဖက်ပွေ့ထားတဲ့သူ့ရဲ့လက်က...... Perthရဲ့
ရင်ဘက်ကိုထိမိနေတာသတိရလာကာ...

"ဒီမှာ.... မင်းဘယ်နေရာကိုပွေ့ထားတာလဲ...
လွှတ်..... အခုလွှတ်.. ”

လူတွေလဲ..... ဝိုင်းကြည့်နေတာမို့.... Perthလေ
သံခတ်အုပ်အုပ်နဲ့ပြောလိုက်မိတော့.... သူကဘေး
ဘီကိုဝေ့ကြည့်ကာ.....

"လွှတ်ပေးရမှာလား.... ပြီးရော့လေ.. ”

"ဘုန်း”

"အမလေးဗျ..”

ပြောရင်းလက်နှစ်ဖက်ကိုတစ်ပြိုင်ထဲလွှတ်ချလိုက်
တော့..... Perthဖင်ထိုင်ရက်လေးပြုတ်ကျသွား
ရသည်။

"အား.. လား.. လား ငါ့ခါးကျိုးပါပြီ.. ”

Perthငြီးငြူ းနေစဉ်..... သူကPerthအနားမှာ
ခြေဖျားထောက်ထိုင်လိုက်ရင်း...

"နားထောင်.... မင်းဆွဲကြိုးကိုပြန်လိုချင်ရင်
ဒီပွဲပြီးတာနဲ့.... မင်းကိုယ်တိုင်ငါ့အခန်းထဲမှာ
လာယူပါ... မဟုတ်ရင်တော့.... မင်းဆွဲကြိုးကို
ငါလွှင့်ပစ်မှာနော်... ”

"ဘာပြောတယ်.......... ခင်များ. ”

Perthရန်မတွေ့ရသေးခင်မှာပဲ.... သူကထသွား
ပြီဖြစ်သည်။ထိုအခါ.... ဘောင်းဘီထဲလက်တစ်
ဖက်ထည့်..... ခပ်မိုက်မိုက်ခြေလှမ်းတွေနဲ့....
စမတ်ကျကျ..... လျှောက်လှမ်းသွားတဲ့...... သူ့
နောက်ကို...... အားလုံးရဲ့အကြည့်တွေကပါသွား
ကြပြီး...... အနီးအနားကလူတွေက..... Perthကို
လာတွဲထူဖို့ပင်သတိမရကြတော့....

"အရမ်းမိုက်တာပဲ..... ရုပ်ရည်ရော....... ခန္ဓာကိုယ်
ရော.... လုံးဝအလန်းနော်.. ”

"ဟုတ်ပါရဲ့... သူကဘယ်သူလဲမသိဘူးနော်.. ”

ရိုက်ကူးရေးဘက်ကလူနှစ်ယောက်ပြောတဲ့စကား
ကိုPerthကြားဖြစ်အောင်ကြားလိုက်သေးသည်။
ကိုယ်တိုင်ကလဲစတိုင်ကျလွန်းတဲ့သူ့ကိုကြည့်ကာ
ခဏမျှငေးခနဲဖစ်သွားရပြီးမှ..... ဒေါသထွက်ဖို့
သတိရသည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now