ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၂၅)🖤❤️

243 19 0
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၂၅)😘😘

ငါသက်သာပါတယ် Titleရာ.. ဘာမှစိတ်မပူနဲ့
ပြေရရင် ငါကကွာအလုပ်တောင်ပြန်လာဆင်းချင်
တာ... ဒါပေမဲ့ အဲ့လူကလေ.. မပြောချင်တော့ပါဘူးကွာ...

Perthဖုန်းပြောနေရင်း စိတ်ညစ်သလိုလေးငြီး
ငြူ လိုက်လျှင် Titleကရယ်သည်။

"ငါလဲကွာ... မနေ့ကရုံးလာတော့.. မင်းသတင်းကို
ကြားကြားချင်းလန့်သွားခဲ့တာ... ဒါပေမဲ့
ဘယ်ဆေးရုံမှန်းလဲမသိ ဘယ်လိုလိုက်လာရမှန်းလဲ
မသိနဲ့.. ပြီးတော့ဖုန်းကဆက်လို့မရနဲ့ကွာ စိတ်တွေ
အရမ်းပူနေတာ.. "

TitleကPerthကိုတစ်ကယ်စိတ်ပူနေတယ်ဆိုတာသိပါသည်။

"ဒါဆိုမင်းက တစ်ပါတ်နေပြီးမှ အလုပ်ပြန်လာမှာ
ပေါ့"

"အင်း.. ဟုတ်တယ် ငါခွင့်တစ်ပါတ်ယူထားတယ်"

"အဘိုးဆီရော... မင်းဖုန်းဆက်ပြီးပြီလား"

"ဆက်ထားတယ်.. ဖုန်းပျောက်သွားလို့ဆိုပြီး...
ဖုန်းနံပါတ်လဲအသစ်လှမ်းပေးထားတယ်.. အဘိုးတို့ရိပ်သာက.. နောက်နှစ်ရက်ဆို ပြင်ဦးလွင် ဘက်
ကိုသွားကြမှာတဲ့.. ငါအဘိုးဆီသွားတွေ့ရဦးမယ်
မင်းလိုက်ဦးမှာလား.. "

"အင်းလိုက်ခဲ့မယ်လေ.. ဒါနဲ့.. Perth.... Boun
လေ"

"Boun ဘာဖြစ်လို့လဲ.. "

"Perthမေးလိုက်လျှင်Titleကဖုန်းထဲကနေလေသံလေးနှိမ့်ပြီး.. "

"သူမနေ့ကThe sun showroomတစ်ခုမှာ
အရှက်ကွဲခဲ့ရတယ်တဲ့.. "

"ဘယ်လို"

"သူ့ကဒ်ကအပိတ်ခံရတယ်ဆိုပြီး... showroomထဲကနေဆွဲထုတ်ခံရတာ.. ပြီးတော့
ကားပါကင်မှညရပ်ထားတဲ့သူ့ကားလဲ... ဘယ်သူ့
လက်ချက်မှန်းမသိစုတ်ပြတ်သတ်နေတာပဲတဲ့"

"ဟင်"

Titleပြောတာတွေကိုနားထောင်ပြီးPerth
တစ်လုခုကိုသဘောပေါက်သွားသလိုပင်...

"အခုပုံတွေက fbတစ်ခွင်ပျံ့နှံ့နေတာလေကွာ
သိတယ်မို့လား.... သူကအစထဲကfbဆယ်လီလေ
အခုတော့ကွာအရှက်ကွဲပြီး အလုက်တောင်မလာ
ရဲဘူး.. ကောင်းတယ်သူများမကောင်းကြံတာကို
မင်းရုံးခန်းထဲမှာပိတ်မိနေတဲ့ကိစ္စကကွာ ဘယ်သူ
မှမပြောတောင့် အဲ့ကောင်လက်ခီာျက်ဆိုတာ
အားလုံးသိတယ်.. အခုလဲ မင်းကိုထိလို့
နေဘုန်းကမ္ဘာက သူ့ကိုပညာပေးတာပဲဖြစ်လိမ့်
မယ်... ကောင်းတယ် သူများကိုမကောင်းကြံချင်တဲ့
ကောင် နည်းသေးတာ.. တစ်ခါထဲမှတ်လောက်
သားလောက်အောင်လုပ်ပြစ်ရမှာ.. "

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now