ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၅၃)❤️🖤

261 16 0
                                    


အပိုင်း(၅၃)😘😘👨‍❤️‍💋‍👨👨‍❤️‍💋‍👨🖤❤️

ဇော်ဂျီ&ယူနီ

"မင်းဒီနေ့ကစပြီး ကိုယ့်အခန်းထဲမှာပဲနေရမယ်
မင်းခဏခဏနေမကောင်းဖြစ်နေတော့...ကိုယ်
စိတ်မချနိုင်ဘူး...အဲ့ဒါကြောင့် မင်းလံဝနေကောင်း
သွားတဲ့အထိ ကိုယ့်အခန်းထဲမှာပဲနေရမယ်...
Perth..."

"ဗျာ..."

Perth ဗျာဆိုတဲ့အသံနဲ့အတူ မျက်လုံးပြူးသွားရ
သည်။ သူကမေပြုံးကိုကြည့်ကာ ခေါင်းတစ်ချက်
ဆက်ပြလိုက်တော့...မေပြုံးနဲ့ ကောင်မလေးသုံး
ယောက်က လက်ထဲမှာကိုင်လာတဲ့Perthရဲ့
အဝတ်စားတွေနဲ့ ပစ္စည်းတွေကို သူ့ရဲ့အဝတ်စား
လဲခန်းထဲသို့သယ်သွားကြသည်။

"နေဘုန်း"

Perth ဆောင့်ခေါ်လိုက်တော့...သူကမချိုမချဉ်
မျက်နှာနဲ့ငဲ့ကြည့်လာကာ မျက်ခုံးပင့်ပြလိုက်တာက
ပြောဆိုတဲ့သဘော...

"ဒါ မင်းအကြံမို့လား...Perth မင်းအခန်းမှာလုံးဝမနေဘူးနော် နေဘုန်း..Perthပစ္စည်းတွေကို
Perthအခန်းထဲပန်ပို့ပေး...."

"ဘာဖြစ်လို့လဲ...ကိုယ်ကမင်းနေမကောင်းလို့ စေတနာနဲ့လေ...ခုနက ဒယ်နီရယ်ပြောသွားတာ
မကြားဘူးလား...မင်းလုံးဝနေမကောင်းသေးဘူး
တော်ကြာမင်းညဘက်တွေ..အဖျားပြန်တက်နေ
ရင်..ဘယ်လိုလုပ်မလဲ...ကိုယ်လဲမင်းကို ခဏခဏ
လာပြီးမကြည့်နိုင်ဘူး...မတော်လို့ မနေ့ကလို
ထပ်ပြီးသတိလစ်နေရင်..."

စကားမဆုံးခင် သူကကုတင်ပေါ်မှာခေါင်းအုံးနှစ်
လုံးဆင့်ကာ...ခပ်လျောလျောမှီထိုက်နေတဲ့
Perthရဲ့မေးဖျားလေးကိုကိုင်ကာ မျက်နှာလေး
ကိုဆွဲမော့လိုက်ပြီး....

"ဘယ်လိုလုပ်မလဲ"

"ချက်ကျလက်ကျ Perthကိုငြင်းမရအောင်
ချောင်ပိတ်နေတဲ့သူ"

"ပြောရရင်..ကိုယ့်အခန်းကမင်းပးအခန်းထက် အများကြီးကျယ်တာပဲ...ပြီးတော့အခန်းရဲ့အပူချိန်ကို
လဲလိုသလိုထိန်းချုပ်လို့ရတယ်...နောက်ပြီး ကိုယ့်
အိပ်ယာက...အရမ်းအိပ်ကောင်းတာ မင်းသိတယ်
မို့လား..."

မထိတရိအပြုံးနဲ့ပြောရင်း မျက်လုံးတစ်ဖက်ကို ဖျက်
ကနဲဆို မှိတ်ပြလိုက်တဲ့သူ့ကြောင့် Perthမျက်နှာ
လေးရဲသွားရသည်။

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤Where stories live. Discover now