❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

1.5K 44 1
                                    

ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု❤️🖤

အပိုင်း(၁)

"ကိုကို...... perthကြောက်တယ်”
Perth.... ခွဲစိတ်ခန်းထဲမဝင်ချင်ဘူး”

"ဘာမှကြောက်စရာမလိုပါဘူး..... perthလေးရဲ့
ညီလေးနားမှာကိုကိုတစ်ယောက်လုံးရှိတယ်လေ”

ဆေးရုံကုတင်ပေါ်မှာ..... ဖြူဖျော့နေသည့်မျက်နှာ
နွမ်းလျနေတဲ့အသံလေးနဲ့ပြောလိုက်တဲ့......
၁၂အရွယ်ကောင်လေး........ perth.... သူ့ရဲ့
လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ထားပြီးအားပေးတဲ့
အပြုံးတွေနဲ့ရှိနေတဲ့... ၁၅နှစ်အရွယ်ကောင်လေး
Saint....

"ကိုကိုသိလား.... perthဖေဖေတုန်းကလဲ......
အဲ့ဒီလိုပဲခွဲစိတ်ခန်းထဲဝင်သွားပြီး..... ပြန်နိုးမလာ
တော့ဘူး.......perthနဲ့မေမေကိုထားခဲ့တာ
အခုလည်းလေperth ပြန်နိုးမလာမှာကိုကြောက်တယ်..... perth အဖိုးနဲ့ကိုကို့ကိုမခွဲနိုင်ဘူး.. ”

Perth မျက်ရည်လေးတွေဝဲပြီးပြောတော့.... ကိုကိုက.... perth ရဲ့မျက်ရည်စတွေကိုကြင်နာစွာသုပ်ပေးသည်။

"Perth လေးမေ့နေပြီလား.... ကိုကိုတို့အခုရှိနေတာကအမေရိကန်ရဲ့..... နာမည်အကြီးဆုံးဆေးရုံ
လေ.... ဒီကဆရာဝန်တွေကအရမ်းတော်တာ
Perthလေးရဲ့ခွဲစိတ်မူ့အောင်မြင်မှာ... ကိုကို့ကို
ယုံနော်... ”

Perthလေးကမျက်ရည်တွေကြားက.... ခေါင်း
ြ်ငိမ့်တော့...... Saint သူလေးကိုထွေးပွေ့ထား
လိုက်သည်။

"ကိုကို..... အလျူ ရှင်တွေကအရမ်းသဘော
ကောင်းတာပဲနော်..... Perthကိုငွေတွေအများ
ကြီး.... အကုန်ခံပြီးနိုင်ငံခြားမှာအထိဆေးလာကု
ခိုင်းတယ်..... သူတို့ကဘယ်သူတွေလဲ... ကိုကိုသိလား.. ”

Perth အမေးကြောင့်Saint အသံခဏတိတ်
သွားသည်။ပြီးမှPerthရဲ့ခေါင်းလေးကို ပွတ်ပေးရင်း....

"ကိုကိုလဲ.... ဘယ်သိမလဲ.... သူတို့ကဂေဟာတွေ
တွေမှာကုသိုလ်လုပ်ရင်းဆက်သွယ်လာတာလေ
ဘာပဲပြောပြော... ကိုကို့ညီလေးနေပြန်ကောင်းလာတော့မှာမို့..... ကိုကိုကတော့အရမ်းဝမ်းသာ
တယ်..... Perthနေကောင်းသွားတဲ့အခါ
ကိုကိုတို့.... ဒီမှာလျှောက်လည်ကြမယ်နော်
Perthလေးပဲပြောတယ်လေ ဒီနိုင်ငံရဲ့အလှပတွေကိုကြည့်ချင်တယ်ဆို... ”

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now