❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၇၄)🖤

321 29 2
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု 🖤

အပိုင်း(၇၄)😘😘❤️🖤

Z&U

"မြန်မြန်ပြန်လာခဲ့နော်....Perthစောင့်နေမယ်
ကိုကို,.."

ငိုချင်နေသလို အက်ရှတဲ့အသံလေးက...အနည်း
ငယ်တိမ်ဝင်သွားခဲ့ပြီးမှ...ကြားလိုက်ရတဲ့နောက်
ဆက်တွဲနာမ်စားတစ်ခုကြောင့် Saint နှလုံးသား
ကျင်ခဲအေးစက်သွားခဲ့သလိုပင်....

"ကလေး...မင်း...မင်းအားလုံးကိုပြန်ပြီး"

ဆုံးအောင်ဆက်မမေးနိုင်တော့တဲ့...မေးခွန်းတစ်ခု
နဲ့အတူ,..ခံစားချက်တစ်စုံတစ်ရာကြောင့်စူးစူးနင့်
နင့်ဖြစ်သွားခဲ့ရတဲ့ ဝဲဘက်ရင်အုံဆီကခံစားမူ့..

"အဟင်း.."

မပီမပြင်ရယ်သံလေးကို..ကြားလိုက်ရပြန်တော့
အလိုလိုလိုက်ပြုံးမိသွားရတဲ့...Saintနူတ်ခမ်းတွေ

"Perth...ကိုကို့ကို ချစ်တယ်..."

တိုးသဲ့သဲ့လေးပြောလိုက်တဲ့....သူ့ရဲ့စကား...
လုံလောက်သွားခဲ့ပါပြီ...သူ့ဆီကကြားလိုက်ရတဲ့
ထိုစကားတစ်ခွန်းနဲ့တင်....Saint အတွက်အရာရာပြည့်စုံသွားခဲ့ပြီ...Saint အသက်ကိုခပ်ပြင်း
ပြင်းတစ်ချက်ရှုသွင်းလိုက်ပြီးမှ....

"ကိုယ်ပြန်လာခဲ့မယ်...ကျိန်းသေ...မင်းဆီကိုပြန်
လာခဲ့မယ်..."

ကတိပေးသလိုထပ်ပြောလိုက်ရင်း,...သူ့ရဲ့တုန့်ုပြန်
သံကိုပင်နားမထောင်တော့ပဲ....Saint နားဂျက်
ကိုဆွဲဖြုတ်လိုက်တာက..တစ်စတစ်စSaintကား
နားကိုနီးလာပြီဖြစ်တဲ့...လူတွေကြောင့်....

ညာလက်က...အသံတိတ်ပြောင်းတပ်ထားတဲ့..
ပစ္စတိုကိုတင်းနေအောင်ဆုပ်ကိုင်ထားရင်း စက်
မသတ်ရသေးတဲ့..ကားစတီယာရင်ပေါ် ..
ဘယ်လက်ကတင်းကျပ်နေအောင်ဆုပ်ကိုင်ထားပြီး
နောက်...

"ကျွီ....အီး..အီး"

"ကားဘီးနဲ့ကတ္တရာလမ်း ပွတ်ဆွဲသံက...ကျယ်
လောင်စွာချက်ချင်းပင်..တစ်ပါတ်လည်သွား
အောင်...ဝိုက်ကွေ့သွားတဲ့ Saintရဲ့ကားမှန်က
လျောကနဲကျသွားခဲ့ပြီး..."

"ဒုတ်...ဒုတ်...ဒုတ်"

"အား....အား..အား"

Saintမှာ..လက်နက်မပါလောက်ဘူးထင်ပြီး အတင့်ရဲစွာချဉ်းကပ်လာပုံရသည့်ထိုလူတွေထဲက
ကံဆိုးသွားတာလားမသိ...အနောက်ဘက်ကတက်
လာတဲ့ လူသုံးယောက်..အတုံးအရုံးလဲကျကုန်တဲ့
အခါ...ကျန်တဲ့သူတွေက Saintရဲ့ကားကိုဝိုင်းပြီး
ပစ်ခတ်ကြသည်။ကားမှန်ကို ချက်ချင်းပြန်တင်ရင်း
Saintကားဆိုဖာပေါ်မှာဝတ်နေလိုက်ရသည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now