ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၂၇)❤️🖤

223 17 0
                                    

❤️ပုံပြင်မဟုတ်တဲ့ အချစ်တစ်ခု🖤

အပိုင်း(၂၇)😘😘

"မစားဘူး.. Perth ပီကေမစားပါဘူး"

Perth ပြောလဲပြောတံခါးကိုလဲပြန်ပိတ်လိုက်
တော့... Perthထက်မြန်တဲ့သူကတံခါးကိုတွန်း
လိုက်သည်။သူတွန်းလိုက်တာ အားပါလွန်းတာ
ကြောင့် Perthကိုယ်လေးတံခါးနားကနေခြေနှစ်
လှမ်းလောက်ဆုတ်သွားရပြီး သူကအခန်းထဲဝင်
လာခဲ့ပြီ ဖြစ်သည်။

"ငါတော့ သေပြီ"

အမြန်ပါစပ်ထဲကပီကေကို လက်ထဲထွေးထုပ်ပြီး
လက်နှစ်ဖက်လုံး အနောက်ကိုပစ်ထားလိုက်တော့
သူကPerth အနားကိုတစ်လှမ်းချင်းလျှောက်
လာသည်။

Perth အရှေ့မှာသူခြေစုံရက်လိုက်တာနဲ့
Perthကိုယ်လေးတုန်သွားရသည်။

Saint အကြောက်လွန်နေတဲ့ကောင်လေးကို
ကြည့်ပြီးရယ်လိုက်မိသည်။အသဲယားစရာကောင်း
တဲ့သူ့ကို ခပ်ကြမ်းကြမ်း နမ်းရှိုက်ချင်သော်လဲ
ကိုယ့်စိတ်ကိုထိန်းချုပ်ထားရင်း...

"ရော့"

လက်ထဲကရေခဲမုန့်ဘူးထည့်ထားတဲ့ အိတ်လေးကို
လှမ်းပေးတော့ သူကအံံ့သြသလို ငေးကြည့်လာ
သည်။

"ဘာကြည့်နေတာလဲ... မယူဘူးလား"

Saint ထပ်ပြောလိုက်မှ သူကယူသည်။

"၃ပွဲတောင် ဝယ်လာတယ် မင်းမဝမှာစိုးလို့"

Perthကသဘောကောင်းနေတဲ့သူ့ကိုကြည့်ပြီး
အံ့သြနေရသည်။ ဒီလူဒီနေ့ ဘာစိတ်ကူးပေါက်
နေလဲမသိဘူး...

Perth တွေးနေစဉ်မှာပဲ သူကPerthကုတင်
နားကိုလျှောက်လာခဲ့ကာမွှေ့ယာပေါ်တက်ထိုင်
ရင်း... Perth ဖက်နေတဲ့စာအုပ်ကိုယူကြည့်
လိုက်သည်။

မင်းကဒီအရွယ်ရောက်နေပြီ ဒီလိုကလေး ကဗျာ
တွေဖက်နေတုန်းလား...

"Perth လက်ထဲကပီကေကို အမှိုက်ပုံးထဲသွား
ထည့်ရင်း... ရေခဲမုန့်စားနေရင်းနဲ့သူ့အနားမှာ
သွားထိုင်လိုက်ကာ... "

"ဒီကလေး ကဗျာလေးတွေက စိတ်ဝင်စားဖို့
ကောင်းတယ်လေ... "

သူက ပြောလဲပြောပါးစပ်နဲ့အစားကလဲမပျက်
Saint သူ့ကိုသဘောကျစွာကြည့်နေရင်း...

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now