❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၇၀)🖤

305 29 5
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၇၀)😘😘❤️🖤

Z&U

"ဟယ်လို"

ဖုန်းထဲကနေကြားနေရတဲ...အသက်ရှုသံသဲ့သဲ့
လေးပျောက်ကွယ်သွားပြီးနောက်...ကြားလိုက်ရတဲ့
အေးစက်တင်းမာနေတဲ့....အသံတစ်ခုကြောင့်
ဖုန်းကိုင်ပြီးပြုံးနေတဲ့ စည်းစိမ်ရှန်ရဲ့နူတ်ခမ်းတွေ
တင်းတင်းဆေ့သွားရသည်။

"နေဘုန်းကမ္ဘာ"

"မင်းကငါ့အသံကိုတော့မှတ်မိသေးသားပဲ"

"မင်းယဉ်ကျေးမူ့မရှိဘူးလား..ငါPerthနဲ့ဖုန်း
ပြောနေတာ...သူ့ကိုဖုန်းပြန်ပေးလိုက်ပါ.."

အချိုးမပြေတဲ့..စည်းစိမ်ရှန်ကြောင့် Saintခပ်မဲ့မဲ့
ရယ်လိုက်သည်။အရှေ့မှာရှိနေတဲ့ သူကတော့
Saintကိုကြည့်ပြီး...နားမလည်သလိုမျက်လုံး
ဝိုင်းလေးနဲ့...

"ငါ့ချစ်သူနဲ့မင်းက...ဘယ်တုန်းကတရင်းတနှီးရှိခဲ့
ဘူးလို့ ဖုန်းဆက်နေရတာလဲ.."

"အဟွန်း..အဲ့ဒါကတော့သူ့ကိုမေးကြည့်ပေါ့ကွာ
သြော်..ငါမေ့လို့..မင်းမေးလဲPerthကဘယ်ပြော
နိုင်မှာလဲ....သူကအခုမှတ်ဉာဏ်တွေဆုံးရှုံးနေတာကို..."

"ဘာ..."

ဒေါသနဲ့Saintအသံဟိန်းထွက်သွားခဲ့လျှင်..သူက
ဆက်ကနဲတုန်သွားသည်။ Saint သူလန့်သွားမှာ
စိုးပြီး...ဖုန်းကိုင်လျှက်လသာဆောင်ဘက်ထွက်
လာသည်။

"Perthကအခု မင်းကိုတောင် မမှတ်မိတဲ့အခြေ
နေမို့လား..အဲ့တော့ငါ့ကိုလဲ ဘယ်မှတ်မိပါ့မလဲ"

လှောင်သလိုပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်
Saintလက်သီးကိုဆုပ်လိုက်မိတာ တင်းကနဲ"

"မင်းက Perthအကြောင်းတွေစုံစမ်းနေတယ်
ပေါ့"

Saintအမေးကြောင့် စည်းစိမ်ရှန်က...
ခပ်ဟက်ဟက်ရယ်သည်။

"ငါစိတ်ဝင်စားနေတဲ့သူရဲ့အကြောင်းပဲ စုံစမ်းတာ
ဘာဆန်းလဲ...ပိုပြီးစိတ်ဝင်စားစရာကောင်းတာက
သူက နတ်ဆိုးကိုယ်တိုင်စောင့်ကြပ်တဲ့..ရွေမင်းသားလေးဖြစ်နေတယ်လေ..ဟက်..ဟက်"

"ငါနတ်ဆိုး ဆိုတာကိုတော့ မင်းသတိရသေးသားပဲ...ထပ်ပြီးနားလည်သွားအောင်တစ်ခါလောက်
ပညာပြပေးရမလား.."

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now