ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၆၂)🖤❤️

309 31 9
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု❤️

အပိုင်း(၆၂)😘😘❤️🖤

Z&U

Saintရဲ့အမေးကိုအရှေ့မှာ ခပ်ယို့ယို့ ရပ်နေတဲ့
ဦးထက်သာ ဖြေးလေးစွာခေါင်းငြိမ့်အဖြေပေး
သည်။

"ဟား.."

လူတစ်ကိုယ်လဲ ငရဲအိုးထဲအပြစ်ချခံရသလို အဆုံး
မဲ့သွားတဲ့ခံစားချက်က ဘယ်ဘက်ရင်အုံဆီကနေ
နာကျင်မူ့တွေရောထွေးလာတာက ဖော်မပြနိုင်
လောက်အောင်ပင်...

Saint ခါးထောက်ရပ်နေရာကနေ ကိုယ်ကိုတစ်
ပါတ်လှည့်လိုက်ကာ...ချွေးစေးတွေပြန်နေတဲ့
မျက်နှာကို လက်ဝါးနဲ့သပ်သည်။ နောက်တော့
ဦးထက်သာဆီအကြည့်တွေပြန်ရောက်သွားရင်း...

"ဒါပေမဲ့ သူကတစ်ခြားသူတွေကိုမှတ်မိနေတယ်
လေ....ဘာလို့ ...ဘာဖြစ်လို့ကျွန်တော့်ကိုမှရွေးပြီး
မေ့နေရတာလဲ...."

Saint အခုထိလဲအမှန်တရားကိုလက်မခံနိုင်
သေးသလို...ဆောက်တည်ရာမရဖြစ်နေခဲ့တော့
ဦးထက်သာ Saintကိုကြည့်ပြီးသက်ပြင်းချသည်။

"ဒါက လူနာရဲ့ပြင်းထန်တဲ့ စိတ်ခံစားချက်ကြောင့်
ပါ..."

"ပြင်းထန်တဲ့ စိတ်ခံစားချက်ဟုတ်လား"

"ဟုတ်ပါတယ်သခင်လေး ပြောရရင်ဒီကလေးက
Chanဆီကနေ...သိခဲ့ရတဲ့အမှန်တရားကိုသူလုံးဝ
လက်ခံဖို့ခတ်ခဲနေချိန်မှာ...ဒီလိုမျိုးခေါင်းကိုပြင်း
ပြင်းထန်ထန်...ထိခိုက်မိသွားတယ်...အဲ့ဒီမှာ
သူ့ရဲ့အသိစိတ်ကနေလက်မခံနိုင်ခဲ့တဲ့အကြောင်း
အရာတွေက....သူအသိစိတ်ကင်းမဲ့နေတဲ့အချိန်မှာ
ဦးနှောက်ကမေ့ပျောက်ပြစ်လိုက်တာမျိုးပါ...ပြီး
တော့...အဲ့ဒီအကြောင်းအရာနဲ့ပါတ်သတ်တဲ့ အရာအားလုံးကိုရောပါ..."

"ဒါဆို Perthက ကျွန်တော့်ကိုရော ကျွန်တော်နဲ့
ပါတ်သတ်တဲ့အရာအားလုံးကိုရော မေ့ပျောက်
သွားတယ်ဆိုတဲ့ သဘောလား..."

"ဟုတ်ပါတယ် သခင်လေး"

ဒီတစ်ခါတော့Saintယိုင်နဲ့မသွားအောင် စားပွဲ
ခုံစွန်းကိုလှမ်းကိုင်ထားလိုက်ရသည်။

"နောက်တစ်ခုက...သခင်လေးကသူအရမ်းချစ်ရတဲ့
သူဖြစ်နေတယ်လေ...သူ့နှလုံးသားထဲမှာရော
သူ့ဦးနှောက်ထဲမှာပါ....သခင်လေးကအချိန်ပြည့်
နေရာယူထားတော့...သူအခု...ဆုံးရှုံးလိုက်ရတာကလဲ....သခင်လေးနဲ့ပါတ်သတ်တဲ့မှတ်ဉာဏ်တစ်
စိတ်တစ်ပိုင်းဖြစ်နေခဲ့တာပါ...."

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now