❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(ဇာတ်သိမ်)🖤

394 21 1
                                    

❤️ ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၈၀)ဇာတ်သိမ်း😘❤️🖤

Z&U

"ထားလိုက်ပါကွာ...ဝတ်ပီးရင်လဲ...ပြန်ချွတ်ရမှာ
ပဲကို..."

"ဟာ...ကိုကိုနော် ညစ်ပတ်တယ်"

"Saint စလိုက်တော့ မျက်နှာလေးရဲသွားတဲ့သူ"

"အကျင့်မကောင်းတဲ့ကောင်..."

မကျေမနပ်ဖြစ်သွားတဲ့ သူလေးကို...Saint
မွှေ့ယာပေါ် အသာချလိုက်ရင်း...ခါးလေးကို
လက်နှစ်ဖက်နဲ့ သိမ်းဖက်လိုက်တော့ သူ့ရဲ့လက်
လေးနှစ်ဖက်က Saintရဲ့ပခုံးပေါ်အလိုက်သင့်
ဖေးတင်လာခဲ့သည်။

"ကိုယ်စဉ်းစားနေတာ.."

"ဘာကိုလဲ.."

"ကိုယ်တို့ တစ်နှစ်တစ်ခါလောက် ဒီလိုခရီးတွေ
လျှောက်သွားရင် မကောင်းဘူးလား အခုကဂျပန်
ဆိုတော့...နောက်နှစ်ကြ သြစတေလျကိုသွားကြ
မလားPerth city ကိုလဲ လိုက်ပို့ပေးမယ်လေ..
အဲ့ဒါမှ နေရာတိုင်းမှာကိုယ်တိုနှစ်ယောက်ရဲ့
အမှတ်တရတွေကျန်နေခဲ့မှာ.."

Perth စိတ်ကူးတွေကို တေးသီနေတဲ့သူ့ကို
ဘာမှမပြောပဲ  ပြုံးကြည့်နေတော့....

"မင်းရော...ကမ္ဘာပေါ်မှာ ဘယ်နေရာကို သွားချင်
လဲ..."

"ကိုကို့ ရင်ခွင်ထဲကို.."

"ဟင်"

ရုတ်တရက် သူ့အဖြေကြောင့် Saintအ့ံအားသင့်
သွားရသည်။

"ဘယ်လို...ဘယ်လို ဘယ်လို"

နားမလည်သလို ပြုံးထေ့ထေ့နဲ့ ထပ်မေးမိတော့
သူက Saintရင်ခွင်ထဲကိုဝင်လာရင်း...

"Perth ပြောခဲ့ဖူးတယ်လေ...Perthအတွက်
တော့ ကိုကို့ ရင်ခွင်ကြီးက...ကမ္ဘာကြီးပေါ်မှာရှိတဲ့
အလှပဆုံးနဲ့...အခမ်းနားဆုံးနေရာပါ...ကိုကိုနဲ့သာ
အတူတူဆိုရင်...Perthဘယ်နေရာမှာပဲဖြစ်ဖြစ်
ပျော်ရွှင်နိုင်မှာပါ.."

"ကလေးရယ်..."

စကားတက်လွန်း နေတဲ့သူ့ကြောင့် Saint မချင့်မရဲစိတ်နဲ့ ခန္ဓာကိုယ်လေးကိုအတင်းပွေ့ဖက်ထား
လိုက်မိကာ...တဘက်လွတ်နေတဲ့ ပန်းရနံ့လေး
သင်းနေတဲ့ ပခုံးတစ်ဖက်ကို ဖိကပ်နမ်းရှိုက်လိူက်မိ
သည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now