ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၃၆)❤️🖤

249 15 2
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၃၆)👨‍❤️‍💋‍👨👨‍❤️‍💋‍👨

"ဟင်..... မင်း.. "

Saint အိပ်နေတဲ့ဘေးနားလေးမှာ မျက်ရည်အရွဲသားနဲ့ထိုင်နေတဲ့Saintရဲ့အာရုံထဲက ကလေး
လေး..

"မင်း... မင်းဒီအခန်းထဲကိုဘယ်လိုရောက်လာတာ
လဲ... "

Saint အံသြမူ့ကြောင့် အိပ်နေရာကနေဆက်
ကနဲထထိုင်ပြီး မေးလိုက်သည်။

"ကိုကိုဘာလို့ ကတိမတည်တာလဲ.... အနားမှာ
အမြဲတမ်းရှိနေပေးမယ်ဆိုပြီး... ဘာလို့ညီလေးကို
ထားခဲ့တာလဲ... "

ပြောရင်း မျက်ရည်တွေစီးကျနေတဲ့ ထိုကလေးကို
ငေးကြည့်ရင်း..... နှလုံးသားကတစ်တစ်ဆစ်နာ
ကျင်လာရသည်။

"ကိုကို အတိတ်ကိုပြန်သတိမရချင်ဘူးမို့လား
ညီလေးကိုပြန်မမှတ်မိချင်ဘူးမို့လား.. "

"မဟုတ်. မဟုတ်ပါဘူးကလေးရယ်မငိုပါနဲ့"

ပြောရင်းSaint သူ့မျက်ရည်တွေကိုသုတ်ပေးဖို့
ပြင်လိုက်စဉ်....

"ဟင့်အင် ကိုကို့ကိုမုန်းတယ်.... ညီလေးကိုမေ့ထား
တဲ့ ကိုကို့ကိုမုန်းတယ်... အီ... ဟီး... "

"မဟုတ်ဘူး.. အဲ့ဒီလိုမဟုတ်ဘူး.. "

မျက်ရည်လည်ရွဲနဲ့ ခေါင်းယမ်းငိုနေတဲ့ကလေးကို
ကြည့်ကာ... Saint အသံကုန်အော်ဟစ်လိုက်မိ
စဉ်.... အိပ်ယာကနေဖျက်ကနဲလန့်နိုးလာခဲ့ပြီး.

"အား.... "

ခေါင်းထဲကတစ်ဆစ်ဆစ်ထိုးကိုက်လာတဲ့ ဝေဒနာ
ကြောင့် အိပ်ယာကနေထလာပြီး စားပွဲအံဆွဲထဲ
ကဆေးဘူးကိုလှမ်းယူလိုက်သည်။

ဆေးရည်ကို ဆေးထုပ်အပ်နဲ့စုပ်ယူပြီး လက်ဖျံမှာ
ထိုးစိုက်လိုက်သည်။

"ကျစ်... အ"

ခေါင်းကဝေဒနာရော လက်ကဝေဒနာပါပေါင်း
ကာ ရင်ထဲမှာမွှန်းကြပ်လာရသည်။

"ကိုကို့ကိုမုန်းတယ်... ညီလေးကိုမေ့ထားတဲ့
ကိုကို့ကိုမုန်းတယ်... အီး ဟီး.. "

အိမ်မက်ထဲက ကလေးရဲ့မျက်နှာကိုမြင်ယောင်မိ
တော့နှလုံးသားကပိုနာကျင်ရသည်။

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now