❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု(၆၈)🖤

280 28 8
                                    

❤️ပုံပြင်မဟုတ်တဲ့အချစ်တစ်ခု🖤

အပိုင်း(၆၈)😘😘❤️🖤

Z&U

ရော့...လက်ထဲက ပီကေဘူးလေးကို Saintထံ
လှမ်းပေးလိုက်တဲ့သူ...

အခန်းထဲရောက်တဲ့အထိ သူပီကေကိုတစ်လှုပ်လှုပ်
ဝါးနေတုန်းပင်...Saint သူ့ရဲ့စိုအိအိနူတ်ခမ်းသားလေးတွေကို အသည်းယားစွာစိုက်ကြည့်နေ
တော့...

"ဘာလို့ကြည့်နေတာလဲ...ယူလေ..မင်းပဲအခန်းထဲ
ရောက်ရင် ပီကေစားမယ်ဆို"

ပြောရင်းစိတ်မရှည်ဟန်နဲ့ လက်ကိုဆွဲကာ ပီကေ
ဘူးကိုအတင်းလက်ထဲထည့်ပေးသည်။

"ဟုတ်တယ်...ကိုယ်မေ့သွားတယ် မင်းမှမမှတ်မိ
တော့တာပဲ.."

စိတ်ထဲကနေခပ်တိုးတိုးရေရွတ်လိုက်ခြင်းနဲ့အတူအခုလိုမျိုးSaintနဲ့ပါတ်သတ်တဲ့ အမှတ်တရ
ပေါင်းများစွာကို..မေ့ပျောက်နေခဲ့တဲ့ သူ့ကိုကြည့်
ပြီး...Saintရင်နင့်သွားရကာ..မပီမပြင်အပြုံးတစ်
ခုနဲ့ သူ့ခေါင်းလေးကိုလှမ်းပွတ်လိုက်သည်။

"ကိုယ်မစားချင်တော့ဘူး"

ပီကေဘူးကိုယသူ့လက်ထဲပြန်ထည့်ပေးရင်း..
လသာဆောင်ဘက်ကိုလျှောက်လာမိတာက ရင်
ထဲမှာမွှန်းကြပ်လာ၍ဖြစ်သည်။

"အဆင်ပြေတယ်လို့ကြွေးကြော်ထားခဲ့ပေမဲ့...
သူမမှတ်မိလဲဖြစ်ပါတယ်လို့..ကိုယ့်ကိုကိုယ်အား
တင်းထားခဲ့ပေမဲ့..."

တစ်စတစ်စ လောင်ကျွမ်းနေတဲ့မီးလို  တစ်ငွေ့ငွေ့
လောင်ကျွမ်းနေတာ ရင်အစုံပြာကျမတက်ပင်..

သူ့ကိုအရာအားလုံးပြန်မှတ်မိစေချင်ပေမဲ့လဲ...သူ
နာကျင်ရမှာကိုစိုးသည်။ ထိုနည်းတူ အမှန်တရားကိုလက်မခံနိုင်ပဲ..သူSaintကိုစွန့်ခွာသွားမှာကို
သေမတက်စိုးရွ့ံနေမိတာက...ဝဋ်ကြွေးတစ်ခုများ
လား..အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်...ကိုယ် ပုံပြင်ထဲ
ကနတ်ဆိုးကြီးထက်ပိုပြီးအဖြစ်ဆိုးသွားလိမ့်မယ်
ထင်တယ်...

"ဝရန်တာ လက်ရမ်းမှာ လက်ထောက်ရင်း..မီးတွေ
ထိန်လင်းနေပြီဖြစ်တဲ့....ခြံထဲကိုSaintအသက်မဲ့
တဲ့မျက်ဝန်းတွေနဲ့ငေးကြည့်နေခဲ့စဉ်..."

❤️ပုံျပင္မဟုတ္တဲ့အခ်စ္တစ္ခု🖤Where stories live. Discover now